Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မှာ စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်ယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားသစ် ၂ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားသစ် ၂ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

တီးတိန်မြို့နယ် သိုင်းငင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ် ၂ဦးဟာ ဒီဇင်ဘာ ၁၀ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်ကြောင်း ဖော်ပြပြီး အလင်းဝင်လာတဲ့အပေါ် ကြိုဆိုကြောင်း အသိပေးပါတယ်။

” တပ်ကုန်းမှာရော၊ လက်ရှိတာ၀န်ကျတဲ့ စခန်းများမှကျန်ရှိနေသေးတဲ့ တပ်သားများ အားလုံး အချိန်မှီအလင်းဝင်ဖို နောက်ဆုံး ဖိတ်ခေါ်ချင်ပါတယ်” လို့လည်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားတွေ PDF ဇိုလဲန်းတပ်ဖွဲ့ဆီ အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

PDF ဇိုလဲန်းတပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့ဖြစ်ပြီးလက်ရှိမှာ တီးတိန်မြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

ချင်းမြောက်ပိုင်းဖြစ်တဲ့ တီးတိန်နဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက ယခုနှစ်အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာ စစ်ကောင်စီတပ်တွေ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပ်းတွေ ဖမ်းမိထားကြောင်း PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ဒီဇင်ဘာ ၆ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေပွဲမှာ ပြောပါတယ်။

(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ဦး။ ဓာတ်ပုံ – ဇိုလဲန်းPDF

ဆက်စပ်သတင်းများ