Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲခံရမှု လက်တုန့်ပြန်မယ်လို့ AA ပြော

မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် အာဏာသိမ်းစစ်တပ်တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ပြောပါတယ်။

အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Infodesk

ဒီဇင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring

မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် အာဏာသိမ်းစစ်တပ်တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကိုဒီဇင်ဘာလ၁၀ရက်နေ့ညက စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်သေဆုံးသူ ၃၅ဦးရှိလာပြီး ဒဏ်ရာရသူ ၇၄ ဦးအနက် ၂၅ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်​​တော်(ULA/AA)​ပြော​ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ကျွန်​တော်တို့ ULA/AAအနေနဲ့ကတော့ ဒီမတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ကျွန်​​တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက ​ပြောပါတယ်။

မြောက်ဦးပြည်သူ့ဆေးရုံကို ဒီဇင်ဘာ၁၀ ရက် ည၉နာရီ၁၃မိနစ်မှာ စစ်ကောင်စီက ‌ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲသွားတာဖြစ်ပါတယ်။ ဆေးရုံအဆောက်အအုံးအားလုံးပျက်စီးသွားပြီး ပေါက်ကွဲအားအလွန်ပြင်းထန်တယ်လို့ ဗုံးကြဲခံရတဲ့နေရာကို သွားရောက်ခဲ့တဲ့ စာရေးဆရာ‌ ဝေဟင်အောင်ကပြောပါတယ်။

စစ်​ကောင်စီဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေလို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး သူရဲဘောကြောင်စွာ တိုက်ခိုက်တာလို့ ဦးခိုင်သုခက ဆိုပါတယ်။

“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာစစ်မြေပြင်မှာသူတို့ဘက်ကအထိခိုက် အကျအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါသူတို့ရဲ့ ဒီနည်းဗျူဟာတခုလို့လည်း ပြောလို့ရတာပေါ့။ အခုလည်းပဲ ဒီတခြားစစ်မျက်နှာတွေဖြစ်တဲ့ မကွေးစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ နောက်ဧရာဝတီစစ်မျက်နှာ၊ နောက်ဒီကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီကသူတို့ ထိခိုက်ကျဆုံးမှုတွေ တအားများနေတဲ့အတွက်ကြောင့်မို့ အခုလိုမျိုးဒီအရပ်သား စစ်ဖက်နဲ့မဆိုင်တဲ့ဒီအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဒါဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ စစ်သားမဆန်ပေါ့နော်။ စစ်သားမဆန်ဘဲနဲ့ အခုလိုမျိုးအရပ်ဖက်ပစ်မှတ်တွေကို မတရားအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဖြစ်ပါတယ်”လို ပြောပါတယ်။

AAဟာ လက်ရှိမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေသလို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာက လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာ၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်တပ်ဟာသေဆုံးထိခိုက်မှုတွေများပြီးအထိနာ နေပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတွေကိုလေကြောင်းက‌နေ နေ့စဉ် ဗုံးကြဲနေသလို အရပ်သားပစ်မှတ်တွေကိုပါ စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။ နိုဝင်လာလ ၂၈ရက်နေ့ကလည်း ကျောက်တော်မြို့ကို ဗုံးကြဲလို့ အရပ်သား ၇ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့ပါတယ်။

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို လေကြောင်းကနေ ဗုံးကြဲလို့ အပြစ်မဲ့ပြည်သူတွေသေဆုံးမှုအတွက် စစ်ကောင်စီတပ်ကို အကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာအနှံ့အပြားမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆင်နွှဲနေကြချိန်မှာ မြန်မာပြည်သူ​တွေဟာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ စစ်ရာဇဝတ်မှုများကို ပြင်းထန်စွာ ခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။