Connect with us

Hi, what are you looking for?

သတင်း

မြန်မာ၊ထိုင်း နဲ့ ကမ္ဘောဒီးယားရဲ့ဒေသတချို့ကိုမသွားဖို့ နယ်သာလန်အစိုးရ သတိပေးထား

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တချို့သော အစိတ်အပိုင်းတွေကို အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ နယ်သာလန် အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

နယ်သာလန် နိုင်ငံအလံကို​တွေ့ရစဥ်။ ဓါတ်ပုံ- Chris Robert / Unsplas

ဒီဇင်ဘာ-၁၁၊၂၀၂၅။People’s Spring

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တချို့သော အစိတ်အပိုင်းတွေကို အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ နယ်သာလန် အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ်ပြန်ချက်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွေဆခရီးသွားလာတာမျိုးကိုရှောင်ဖို့အလေးအနက် တိုက်တွန်းထားပါတယ်။ ဒါတင် မကသေးဘဲ ထိုင်းနဲ့မြန်မာ နယ်စပ်တွေကိုလည်း မသွားသင့်ကြောင်း ဖော်ပြထားပါသေးတယ်။

အထူးသဖြင့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်ရဲ့ ကီလိုမီတာ ၂၀ လောက်ရှည်လျားတဲ့ အပိုင်းတစ်ခုကို အနီရောင်အဆင့် အန္တရာယ်ဇုန်လို့ နယ်သာလန်က သတ်မှတ်ထားပါတယ်။ ထိုင်းနိုင်ငံ တောင်ဖက်စွန်းက မြန်မာနဲ့ ထိစပ်ရာ နယ်စပ်ကိုတော့ လိမ္မော်ရောင်အဆင့်ထားရှိပြီးကျန်တဲ့ ဒေသတွေကတော့ သတိထားသင့်တဲ့ အဝါရောင်အဆင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဖက်ခြမ်းမှာလည်း ထိုင်းနဲ့ နယ်စပ်ကို အနီရောင်လို့ သတ်မှတ်ပြီးကျန်တဲ့နိုင်ငံ အစိတ်အပိုင်းတွေကို အဝါရောင် သတိပေးချက် ထားရှိပါတယ်။အဝါရောင်ကကိစ္စရှိရင်ခရီးသွားလာလို့ အဆင်ပြေပေမယ့် အမြဲတမ်း နိုးကြား သတိရှိနေသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

သတိပေးချက် ထုတ်ပြန်ထားတဲ့ နယ်မြေတွေဆီ သွားရောက်မယ့် နိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရေးပေါ် သတင်းအချက်အလက် ဌာနမှာ အချက်အလက်တွေ ကြိုဖြည့်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေးပဋိပက္ခတွေဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်လည် စတင်လာခဲ့ပါတယ်။ အဲဒီ စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘောဒီးယားမှာ အရပ်သား ၉ ဦးသေ၊ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပြီးထိုင်းကတော့စစ်သား ၄ ဦးသေ၊ စုစုပေါင်း ဒဏ်ရာရသူ ၆၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား-NL Times

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်ဖို့ ၊FATF သတ်မှတ်ချက်​တွေကိုလိုက်နာဖို့သတိ​ပေးပြီး တိုးတက်မှုမရှိရင် ၂၀၂၇​​ဖေ​ဖော်ဝါရီမှာပိုပြင်းထန်တဲ့အ​ရေးယူမှုလုပ်ဖို့စဥ်းစားမယ်

သတင်း

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။