Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာ စစ်တပ်စစ်​ကြောင်းကို ဝင်တိုက်ပြီး ဓားစာခံအဖမ်းခံထားရတဲ့ဘုန်းကြီးနဲ့ ပြည်သူတွေကို ကယ်ထုတ်

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာဘုန်းကြီးကျောင်းတပ်စွဲထားတဲ့ စစ်တပ်ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်အုပ်စုထိခိုက်မှုရှိပြီး ဓါးစားခံ အဖမ်းခံထားရတဲ့ဘုန်းကြီးနဲ့ ပြည်သူတွေကိုကယ်ထုတ်နိုင်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေတိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-မုံရွာခရိုင်တပ်ရင်းအမှတ် -၁၉

ဇူလိုင်-၂၁၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာဘုန်းကြီးကျောင်းတပ်စွဲထားတဲ့ စစ်တပ်ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်အုပ်စုထိခိုက်မှုရှိပြီး ဓါးစားခံ အဖမ်းခံထားရတဲ့ဘုန်းကြီးနဲ့ ပြည်သူတွေကိုကယ်ထုတ်နိုင်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အတွင်း အရာတော်မြို့နယ်အတွင်း စစ်​ကြောင်းထိုးပြီး မြေနက်‌ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံပျူ​စောထီးစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်အုပ်စု ယာယီတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ငွေတွင်းပျူရွာအထိ ​ဆုတ်ခွာသွားအောင် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဘုန်းကြီး ၃ ပါးနဲ့ အရပ်သားပြည်သူ ၄ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

တိုက်ပွဲအတွင်းအရာတော်မြို့ စကတ-၁၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့ကြားကနေ တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)က ထုတ်ပြန်ပါတယ်။

“စစ်ကြောင်းကအထိနာထားတော့ပြန်လည်ထိုးစစ်ဆင်ဦးမယ်လို့ ခန့်မှန်းရလို့ ပြည်သူများစစ်ရေးသတိရှိကြဖို့နဲ့ ကျည်အင်အားနည်းနေလို့ ထောက်ပံ့ကူညီနိုင်သူများလဲကူညီပါဦးလို့ပြောချင်ပါတယ်‌”လို့ မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်းအမှတ် (၁၉)၊ ဗျူဟာ(၆၆)စစ်ကြောင်း၊ အရာတော်မြို့နယ်ပကဖ၊ဘုတလင်မြို့နယ်ပကဖ၊ဝက်လက်မြို့နယ်ပကဖ၊‌ရေဦးမြို့နယ်ပကဖ၊မုံရွာမြို့နယ်ပကဖ၊ မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့၊မုံရွာခရိုင် တပ်ရင်း (၂၀၊၁၆)၊ကျားသစ်နက်ပျောက်ကြားတပ်ဖွဲ့၊ အရာဝောာ်မြို့နယ်နှင့်ဘုတလင်မြို့နယ် ဒရုန်းအဖွဲ့များ၊ အခြားမဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

Walk For Peace မှာပါဝင်ခဲ့တဲ့ မြန်မာဆရာတော်နဲ့ အဖွဲ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက် ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။