Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲ တားဆီးရန် စစ်ရေးအရအရေးယူမည်ဟု မွန်တပ်၊ရေးPDFနှင့် ဒေါနတပ်ရင်းတို့ ပူးတွဲသတိပေး

စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှား မှုများကို သတင်းအချက်အလက်များရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးတားဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်းတို့က ယနေ့(ဇူလိုင် ၂၀ရက်) တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ထိရောက်စွာလုပ်ဆောင်ခြင်းမရှိသော်လည်း စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်းနေသည်။ ဓာတ်ပုံ - CINCDS

ဇူလိုင်-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှား မှုများကို သတင်းအချက်အလက်များရရှိနေပြီး ရွေးကောက်ပွဲ မလုပ်နိုင်စေရေးတားဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်းတို့က ယနေ့(ဇူလိုင် ၂၀ရက်) တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲပြင်ဆင်ရာတွင် အီလက်ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင်ပေးမည်ဟု သိရှိရ၍ ယခု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။

MSRFအနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏ နိုင်ငံရေး ဦး ဆောင် မှုဖြင့် စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ပြတ် သားစွာဆန့်ကျင်မည်ဟု MSRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ကျမတို့ ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားတဲ့အတိုင်း ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ကျမတို့က စစ်ရေးအရ အရေးယူသွားမှာ ဖြစ်တယ်။ ဒီအပေါ်ကို နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကျမတို့နဲ့ တသားတည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု MSRF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

PDF ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုကလည်း စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးနေကြောင်း ယနေ့တွင်လူမှုကွန်ရက်မှ တဆင့်ရေးသားထားသည်။

“လိုက်နာကြပါ။ ကျနော်တို့ ဖက်ကလည်း နယ်မြေခံ မွန်တော်လှန်ရေးတပ်တွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ယခင်ကတည်းက အသိပေးထားပါတယ်”ဟု ရဲဘော်စောဒါးကိုက ပြောသည်။

မွန်နှင့် တနင်္သာရီဒေသအခြေစိုက် မွန်တပ်၊ ကရင်တပ်နှင့် PDFများသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် အတူစုစည်းမိနေပြီဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီတပ်စခန်းများ ၊ စစ်ကြောင်းများကိုလည်း အတူပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။