Connect with us

Hi, what are you looking for?

သတင်း

သထုံထောင်မှာ NLD ပါတီဝင်နိုင်ကျဉ်း ဆုံးပါး

မွန်ပြည်နယ် ၊ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံရထားသူ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင် မနေ့ (ဇူလိုင် ၁၉ ) ရက်မှာဆုံးပါးသွားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (PPNM) ထံကသိရပါတယ်။

ဇူလိုင် – ၂၀ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မွန်ပြည်နယ် ၊ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံရထားသူ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင် မနေ့ (ဇူလိုင် ၁၉ ) ရက်မှာဆုံးပါးသွားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (PPNM) ထံကသိရပါတယ်။

အသက် ၄၄ နှစ်အရွယ် ကိုပြည့်စုံအောင် ဟာ ဇူလိုင် ၁၉ ရက် မေ့မြောခဲ့ပြီးနောက် နေ့ခင်းပိုင်း ၁ နာရီမှာဆုံးပါးသွားတာလို့သိရပါတယ်။

သူဟာ သွေးတိုး၊ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဝေဒနာတွေကိုလည်းခံစားနေရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီး တစ်နှစ်နီးပါး အကြာ ၂၀၂၂ ခုနှစ် ၊ဇန်နဝါရီလ ၁ ရက်နေ့မှာ မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် NLD ပါတီဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၂(က) တို့နဲ့ ထောင် ၆ နှစ်ချခံတာပါ။

ဘီးလင်းမြို့နယ် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်မျိုးမင်း ဟာလည်း ၂၀၂၂ ခုနှစ် ဇွန်လ အတွင်းဖမ်းခံခဲ့ရပြီးနောက် တပတ်ခန့်အကြာမှာတော့ ဘီးလင်းမြို့နယ်ထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းပဲပြန်တွေ့ခဲ့ရပါတယ်။

အခုနှစ်အတွင်းမှာ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုမရလို့ အသက်ဆုံးပါးရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ဦးထိရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။

ဒီနေ့မှာလည်း အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် ဆုံးပါးသွားခဲ့ရပါတယ်။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်းမာရေး ကုသမှုခွင့် နဲ့ ဆေးဝါး မရတာကြောင့် ၂၀၂၃ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၀ရက်အထိအသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊သူ ၆၀ဦးထိရှိလာပြီလို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။