Connect with us

Hi, what are you looking for?

သတင်း

မင်းလှမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူရှစ်ဦးထက်မနည်းဖမ်းဆီးထား၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူနေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်တွေဖောက် ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူနေတယ်လို့ ဒေသခံပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

မင်းလှမြို့နယ်က ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာတစ်ရွာကို မီးရှို့နေစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်တွေဖောက် ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူနေတယ်လို့ ဒေသခံပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေထဲက ညောင်ပင်သာ၊ စမ်းဘုတ်၊ ငလှစမ်းစတဲ့ကျေးရွာတွေကို အင်အား ၅၀၀ဝန်း ကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇူလိုင် ၁၁ ရက်က​နေ ဇူလိုင် ၂၀ ရက်အထိ ပြည်သူရှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အထက်ပါသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ကော်ပင်ရွာနဲ့ ချီပါတောင်ရွာဘက်ကိုရောက်နေပြီး ဇူလိုင် ၁၉ ရက်အထိ ကျေးရွာ​တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဂန့်ဂေါ်ပင်ရွာမှာ စခ ၅၀၀လောက်ရောက်နေတာ။ တဝက်က ချီပါတောင်ဘုန်းကြီးကျောင်းကိုတက်သွားတယ်။ညဘက်ဆိုဘုန်းကြီးကျောင်းမှာဘောက်စ်တွေဖွင့်ပြီး စခတွေသီ ချင်းဆိုနေကြတာ ဆူညံနေတာပဲ”လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှတာဝန်ရှိသူတစ်ဦးက People’s Springကို ပြောပါတယ်။

ကျေးရွာတွေကို စစ်ကြောင်းထိုးချိန် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးငယ်တချို့လည်းပါဝင်ပြီး စစ်ဘေးရှောင်ရင်း စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့ မင်းလှ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်တပ်ဟာ ဇွန်လ ၂၀ ရက်ကစပြီး မင်းလှမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး တောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်း​ပေါက်ရွာ၊ ငလှစမ်းရွာနှင့် ခွက်မရွာ၊ ကျွဲမကိုင်းရွာ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာထက် မနည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁၆ရက်ကမင်းလှမြို့နယ်၊ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့တာကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်တပ်အရာရှိအချို့သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်စစ် ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။