Hi, what are you looking for?
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။
ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ” ဟု...