Connect with us

Hi, what are you looking for?

သတင်း

မေတ္တာမြို့ဦးတည်သည့် စစ်တပ်စစ်ကြောင်း KNLA တိုက်ခိုက်၍ ၂၀ကျော်သေ၊ လက်နက်ခဲယမ်းများရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဩဂုတ် ၁၈ရက်ကစတင်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးဖမ်းမိပြီး ၂၀ကျော်သေဆုံးကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းများအား KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District

ဩဂုတ်−၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဩဂုတ် ၁၈ရက်ကစတင်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးဖမ်းမိပြီး ၂၀ကျော်သေဆုံးကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNUမြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကရင်ဘာသာဖြင့်ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ပဒိုစောအယ်နားက ရှင်းပြသည်။

” ၀ကုန်းမရောက်ခင် လမ်းသုံးထပ် တနေရာနဲ့ သင်္ဃန်းတုန်းတနေရာ။ အဲဒီမှာ ကျနော်တို့ စကစ ကား ၈စီး ပျက်စီးတယ်။ ၂စီးတော့ကျနော်တို့ မီးရှို့ပြီး ပစ္စည်းသိမ်းသွားလို့ရတယ်။ စကစက ခန့်မှန်း ၂၀ကျော် သေတယ်။ ဖမ်းမိတာက သုံးယောက် အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းတချို့ရတယ်ပေါ့နော်။စကစ စစ်ကြောင်းက ထားဝယ်ကနေ မေတ္တာဦးတည်တယ်”ဟု ပဒိုစောအယ်နားက ပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် KNLA တပ်မဟာ(၄)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာ၍ KNLAနှင့်မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ ထားဝယ်၊ ပုလော၊ တနင်္သာရီစသည့် မြို့နယ်များ၌ တိုက်ပွဲများ ရှိခဲ့သည်။

ဩဂုတ် ၉ရက်ကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာနှင့်ချောင်းနှစ်ပေါက်ကျေးရွာအကြားတွင် မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား ရိက္ခာ၊ လက်နက်ခဲယမ်း လာပို့သည့် ထောက်ပို့ယာဉ်တန်းကို KNLAက တိုက်ခိုက်ခဲ့ရာ ထောက်ပို့ယာဉ် ၂စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။