Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်တိုက်တွန်း

စစ်အာဏာရှင်သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့ ဩဂုတ်၂၀ရက်တွင် ထုတ်ပြန်သည်။

ကယန်းအမျိုးသားတပ်မတော်(KNA)၏ ရက်တိုမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − KNA

သြဂုတ်-၂၀၊၂၀၂၅။တာရာ /People’s Spring

စစ်အာဏာရှင်သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့ ဩဂုတ်၂၀ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကယန်းအမျိုးသားတပ်မတော်က ရပ်တည်ချက်သဘောထား ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲစနစ်နှင့် ဒီမိုကရေစီစနစ်သည် တပေါင်းတစည်းတည်းဖြစ်ပြီး ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲကျင်းပခွင့်မရှိဟု ကယန်းအမျိုးသားတပ်မတော်က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ်ကျူးလွန်ပြီး ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် နိုင်ငံအနှံ့နေ့စဥ်ရက်ဆက် အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာဖြစ်မည်ဟု ယုံကြည်ကြောင်း အသိပေးသည်။

“စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ အောင်မြင်တယ်။မအောင်မြင်ဘူးဆိုတာက သူတို့အများအမြင်မှာပြမယ့် ဘယ်လောက်ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲဖြစ် မြောက်ပါတယ်။မဲပေးပိုင်ခွင့်ဘယ်လောက်ရှိခဲ့ပါတယ်ဆိုတာ အာဏာရှင်ဖြစ်တဲ့အတွက်လိမ်လုံး ညာလုံးမှိုင်းလုံးတိုက်ကြေညာမှာလည်းဖြစ်ပါမယ်။ပြည်သူလူထုမပါဝင်တဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ နားလည်လက်ခံပါတယ်။သူတို့ဘက်က နိုင်ငံရေးထွက်ပေါက်လို့စဥ်စားပေမယ့် တကယ်တမ်းတော့ ဒါဟာထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ရဲ့နောက်ဆုံးနေ့ရက်တွေကို တဖြည်းဖြည်းနဲ့ ရွေးလျားလာတာပဲ”ဟု KNA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းရဲခေါင်က ထုတ်ပြန်ချက်နှင့်ပတ်သက်၍ လူထုနွေဦးသို့ ပြောသည်။

ဒီမိုကရေစီစံနှုန်းအရ ပြည်သူလူထုရွေးကောက်ထားသော လူထုကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့်လူထုအစိုးရကသာလျှင် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အာဏာရှိကြောင်းလည်း ဖော်ပြသည်။

ပြည်သူလူထုသဘောဆန္ဒမပါရှိသော အကြမ်းဖက်စစ်ကောင်စီ၏လုပ်ဟန်မှန်သမျှကို အတွေးအခေါ်မှန်သမျှဖြစ်စေ ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု KNAက ဆိုသည်။

“အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ဆောင်ချက်မှန်သမျှ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားဆန့်ကျင်မှုမှန်သမျှမှာ အတူရှိနေမယ်။စစ်အာဏာရှင်စနစ်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုမှန်သမျှ ကိုလည်း ကျွန်တော်တို့ပေါင်းစပ်သွားမယ်။ထောက်ခံသွားမှာဖြစ်တယ်”ဟု ခွန်းရဲခေါင်က ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအပါအဝင် တော်လှန်ရေးတွင်ပါဝင်နေသည့် အင်အားစုမှန်သမျှသည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံရေး၊စစ်ရေး၊လူထုလှုပ်ရှားမှု စသည့်နည်း ပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် KNA က အလေးအနက်တောင်းဆိုထားသည်။

KNU၊KIA၊TNLA၊AA နှင့် KNPP စသည့် တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ရွေးကောက်ပွဲအား လက်မခံကြောင်း အသီးသီးထုတ်ပြန်ထားသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်မည်ဖြစ်ကာ အပိုင်း (၁)ကို လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ကျင်းပမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။