Connect with us

Hi, what are you looking for?

သတင်း

ကမ်းရိုးတန်းအနီးငလျင်လှုပ် ရန်ကုန်မြို့ပါခံစားရ

ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှုပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။

သြဂုတ်-၂၀၊၂၀၂၅။လူအေး/People’s Spring

ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှုပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။

ဩဂုတ်လ ၂၀ရက်ည ၇နာရီ ၁၆ မိနစ်တွင်မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

အဆိုပါ ငလျင်ကို ရန်ကုန်မြို့တွင်ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ကမာရွတ်နှင့်စမ်းချောင်းမြို့နယ်တို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။

Public Service Announcement

Public Service Announcement

“တစ်ချက်တည်းပဲ။သိသာတယ်”ဟုစမ်းချောင်းမြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့်ငလျင်လှုပ်နိုင်သလိုဒေးဒရဲပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့တွင် ငလျင်လှုပ်​စေ​ကြောင်း​မြေငလျင်ပညာရှင်များက​ပြောထားသည်။

ယနေ့ ည​နေလှုပ်ခတ်ခဲ့​သော​မြေငလျင်သည် မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။