Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဩဂုတ် ၂၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်သည့် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MSRF

ဩဂုတ်−၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဩဂုတ် ၂၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

ရေးမြိုနယ်မြောက်ပိုင်းအောင်သပြေကျေးရွာ အနီးသို့ ခမရ(၅၈၈)၊ ခလရ (၁၀၆)၊ အမတ (၃၁၇) တပ်ရင်း သုံးရင်းမှစစ်ကြောင်းထိုးလာ၍ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန် တပ်တော် (RMA)နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ဟု ဆိုသည်။

ယမန်နေ့ မနက်တွင် တကြိမ်၊ ညနေပိုင်းတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)မှ ရဲဘော် တဦး ကျဆုံးခဲ့ဟု MSRFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လှုပ်ရှားမှုတွေ ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်လာတယ် နိုင်ငံရေးအရ လုပ်ဆောင်နေတဲ့ ကာလမှာ အခုဆိုလို့ရှိရင်လည်း စစ်ရေးအရ စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်” ဟု မိတလဉာဏ်က စစ်ကောင်စီတပ် ရေးဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကို ပြောသည်။

MSRFနှင့် မဟာမိတ်များအနေဖြင့် စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် သတိပေးထားသည်။

မွန်၊ ကရင်၊ PDF တော်လှန်ရေး ပူးပေါင်းတပ်များသည် ရေးမြို့နယ် အပါအဝင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ တပ်များကို တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။