သတင်း CIA အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ NATO နိုင်ငံတွေကို မတိုက်ခိုက်ဖို့ သတိသွားပေးတာလို့ဆို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မုံရွာမြို့မှာ စစ်တပ်က လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းပြီး ပေါ်တာဆွဲ နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ရွှေသောင်ယံတိုက်ပွဲအပြီး၂နှစ်ခန့်အတွင်းစစ်တပ်ကစစ်သင်္ဘောနဲ့ စစ်ကားတွေအင်အားအများအပြားဖြည့်ပြီး စစ်ပြင် ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို ၂၀၂၅ ဇန်နဝါရီလနောက်ပိုင်း စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့ဆောင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မြန်မာမှာ ကုလဖွံ့ဖြိုးမှုအစီအစဉ်ကပေးတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆွေးနွေး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မြင်းခြံမြို့မှာ စစ်သားနဲ့ ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေနေအိမ် ခိုးယူနေ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်နေ ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားနှုန်းနဲ့သေဆုံးမှုတိုးနေပေမယ့် စစ်တပ်သတင်းထိန်းချန်ထား ရန်ကုန်မြို့မှာ ဝမ်းရောဂါနဲ့သေဆုံးသူဆက်တိုးနေပေမယ့် စစ်တပ်က သတင်းတွေကိုထိမ်ချန်ထုတ်ပြန်နေပါတယ် ။ ludunwayooဩဂုတ် 28, 2026
သတင်း မြန်မာလိဂ် ဘောလုံးသမား ၁ဦး မြောက်ဒဂုံအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးနေ၊ ပေါ်တာဆွဲခံရဟု မြို့ခံတွေ သုံးသပ် မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်နေ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
သတင်း စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026