Hi, what are you looking for?
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာအတွင်း စစ်ရေး အခြေအနေ အကျဉ်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာ ၁လတာအတွင်း စစ်အုပ်စုဘက်က ၅၇၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)ထိန်းချုပ်နယ်မြေ ကျောက်ခက်ဒေသအနီးကသဲဖြူချောင်းရွာဝန်းကျင်တ၀ိုက်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့နိုဝင်ဘာလလယ်ပိုင်းကစပြီးနှစ်ဖက်တိုက်ပွဲတွေတကျော့ပြန် ပြန်လည်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။