Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲများ ဖြစ်ပါက စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်း၌ အသေခံခိုင်းပြီး စစ်တိုက်ခိုင်းနေပြီး နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး၌ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ကိုကျော်ဇေယျာထွန်းက ပြောသည်။
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။