Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ပေါ်ကိုစစ်တပ် အင်အားတိုးလို့ ဒေသခံ တွေညတွင်းချင်းစစ်ရှောင်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာပြီးတဲ့နောက် ဒီနေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို စစ်တပ်က ​လေ​ကြောင်းက​နေစစ်ကူ​တွေပို့တယ်ဆိုတဲ့ သတင်း တွေကြောင့်မြို့​ပေါ်က ပြည်သူ​တွေ ညတွင်းချင်းစစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ပုလဲမြို့မှာညတွင်းချင်းစစ်​ဘေးတိမ်း​ရှောင်​နေတဲ့ပြည်သူအချို့ ကို ဇွန် ၁၁ ရက်ညက​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့

ဇွန်-၁၁၊၂၀၂၅။မေ/People Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာပြီးတဲ့နောက် ဒီနေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို စစ်တပ်က ​လေ​ကြောင်းက​နေစစ်ကူ​တွေပို့တယ်ဆိုတဲ့ သတင်း တွေကြောင့်မြို့​ပေါ်က ပြည်သူ​တွေ ညတွင်းချင်းစစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဒီနေ့ည၈နာရီခွဲမှာစစ်ကောင်စီက Y-12နဲ့ ပုလဲမြို့ပေါ်က ထွေအုပ်ရုံးထဲကို အင်အား၁၀၀ ကျော်ချခဲ့တာလို့ သိရပါတယ်။

“အတိအကျမသိနိုင်တာညဆိုတော့။ပစ္စည်းချတာလည်းဖြစ်နိုင်တယ်။ဒါပေမယ့် စုံစမ်းလို့ရသလောက်က တော့ လူအင်အားလို့သိရတယ်”လို့ ဒေသခံတဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြကုန်း၊ဇောင်ဂျမ်းကုန်း၊ကျွန်းဘိုကုန်း၊ကုက္ကိုလ်ကုန်း၊စေတီယုံနဲ့ ပုလဲ-ဂန့်ဂါလမ်းပိုင်း တောင်ဘက်ခြမ်းက ကျေးရွာ အားလုံးနီးပါး စစ်ရှောင် နေရတယ်လို့ သိရပါတယ်။

ပုလဲမြို့​ပေါ်မှာစစ်ကောင်စီ တပ်စွဲထားတဲ့ ထွေအုပ်ရုံး နဲ့ မြို့နယ်ထဲက ရဲစခန်းနဲ့ ကမ်းဒေါင့်၊ ဇီဖြူကုန်း၊ အင်မထီးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားလို့ စစ်ကောင်စီတပ်က လေကြောင်းကနေပဲအားဖြည့်နိုင်​တော့တာဖြစ်ပါတယ်။

အဲဒီနေရာပတ်ဝန်းကျင်က ဒေသခံတွေဟာ အမြဲတမ်းစစ်ရှောင်တွေအဖြစ် နေရပ်စွန့်ခွာနေကြရသလို ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲမစတင်ခင်ကလည်း ကျေးရွာအချို့ ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

ပုလဲမြို့နယ်မှာကန့်ဒေါင့်ရွာနယ်မြေ ရဲစခန်းကို ဇွန်လ၂ရက်နေ့က စတင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)ဦးဆောင်တဲ့​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက် နေပါတယ်။ဒါအပြင် ဇွန် ၁၀ ရက်​နေ့ကစပြီး NUG ရဲ့ကာကွယ်​ရေးဝန်ကြီးဌာနက ခရိုင်တပ်ရင်း​တွေ၊ပကဖ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေက ဇီးဖြူကုန်းရွာက ပျူစောထီးစခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့PDF တချို့က​ပြောပါတယ်။

ဒါ့အပြင် အင်မထီးပျူ စောထီးရွာက နေကန့်ဒေါင့်ကို စစ်ကူလာနေတဲ့ စစ်ကြောင်းလည်း ကြားဖြတ် တိုက်ခိုက်ခံရပြီး အလောင်းနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်နက်တွေလည်းရရှိထားတယ်လို့သိရပါတယ်။

ကန့်​ဒေါင့်ရဲစခန်ယတိုက်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အခြေအ နေကို တိုက်ပွဲပြီးစီးမှသာ ထုတ်ပြန်မယ်လို့ PLAတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ပြောပါတယ်။

ဒါ​ပေမယ့်ကန့်ဒေါင့်ရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၁ စက်​နေ့မှာလူထုနွေဦးကို ပြောပါတယ်။

ကန့်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် ကန့်​ဒေါင့်ရွာကိုအင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်းသူကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။