Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

ဖားကန့်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၂၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ဦးကို ယမန်နေ့(ဇွန်လ ၁၁ရက်)ညပိုင်းက ပစ်သတ်ပြီး မှော်စီစာလမ်းဆုံတွင် ထားသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူ့ဘာသာသူနေတဲ့ အရပ်သားတွေ အသတ်ခံရတာ။ အရက်တော့ သောက်ကြတယ်သူတို့က။ ဒါပေမဲ့ အိမ်ခြေမဲ့မဟုတ်ဘူး။ စစ်ကြောင်းက ‌မှော်စီစာမှာ ပတ်နေပြီး ‌ညဥ့်နက်ပိုင်းက ကြားတဲ့ သေနတ်သံတွေက သူတို့ကို ပစ်တာလို့ သိရတယ်။ ဒီလုပ်ရပ်က ယုတ်မာတာဖြစ်ပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၃ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် မသိရသေးပေ။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

“စစ်ကြောင်းက အရပ်သားကိုလည်း မညှာမတာသတ်တာ။ ဒီအတွေ့အကြုံတွေက ရှိပြီးသားပဲ။ မလုပ်လောက်ဘူးလို့ သွားမယုံစားပါနဲ့ “ဟု KPDFနှင့် နီးစပ်သူကပြောသည်။

မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်က လုံးခင်းသို့ရောက်လာပြီး ၂၈ရက်တွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်စဉ် အရပ်သား ၅ဦးကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက ‌အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီး မေလ ၂၉ရက်တွင် ဖားကန့်သို့ ဝင်ရောက်လာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။

ကျောက်စိမ်းလုပ်ကွက်များမှ စက်ယန္တရားများကိုလည်း မီးရှို့ဖျက်ဆီးနေသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဇွန်လ ၁၂ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ ဇွန်လ ၉ရက်နှင့် ဇွန်လ ၁၀ရက်များတွင် တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေသည်။ ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။