Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
မေ-၂၈၊၂၀၂၅။ People’s Spring အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့...
ထိုင်းနိုင်ငံအတွင်းကနေ ဖြတ်ဝင်လာပြီး နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူထွက်လာတဲ့ အင်အား ၆၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့(မေလ ၂၈ရက်) မနက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးချေမှုန်းလိုက်တယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။