Connect with us

Hi, what are you looking for?

သတင်း

အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု မြိုင်နယ်ဦးတည်လာနေ

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

မေလပထမပတ်အတွင်းက ပခုက္ကူမှ မြိုင်မြို့သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု

မေ ၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့(မေလ ၂၇ ရက်)က ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာရောက်ရှိကာ ယနေ့ (မေလ ၂၈ရက်)တွင် ဖောင်ကြောင်းကျေးရွာ အနောက်ဘက်ရှိနေသည်ဟု ဆိုသည်။

“မြိုင်နယ်အတွင်းမှ ပျူရွာတွေဆီကို ရောက်အောင်သွားမယ်လို့သိရပါတယ်။မြေပြင်စစ်ကြောင်းနဲ့အတူ လေကြောင်း​ပါ ပါမယ်လို့သိရပါတယ်”ဟု အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အခြေအနေနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးလာသည့် လမ်းကြောင်းအတိုင်းဆိုပါက မြိုင်မြို့နယ်ရှိ တွင်းမပျူ​စောထီးရွာနှင့် သရက်ကန်ပျူစောထီးရွာသို့ ဝင်ရောက်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ထို့ကြောင့် အဆိုပါကျေးရွာများအနီးရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် နှင့် မြေပြင်မှလာနေသည့် စစ်ကောင်စီတပ် စစ်ကြောင်း အထူးသတိပြုရန် မြိုင်မြို့နယ်အရပ်ဘက်အဖွဲ့အစည်းအချို့က တိုက်တွန်းသည်။

“မြိုင်မြို့နယ်တောင်ပိုင်းက မိဘပြည်သူများ သတိဝရိယနဲ့ နေထိုင်ကြဖို့အသိပေးအပ်ပါတယ်”ဟု We Love Myaing တာဝန်ရှိသူက ပြောသည်။

ယခု မေလ ၂ ရက်မှ ၇ရက်အထိ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းမှ သစ်ကြီးတော ၊ လေးတန်းနှင့် ပေါက်ပင်ကိုင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူနေအိမ် အလုံး ၄၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားရုပ်အလောင်း ရှစ်လောင်း၊ MA 1 တစ်လက်၊ ကျည် ၅၀၀ကျော်နှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သည် ပခုက္ကူမြို့သို့ တပ်ပြန်ဆုတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။