Connect with us

Hi, what are you looking for?

သတင်း

ဝတပ်ဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သက်ဆင်စွပ်စွဲ၊ ထိုင်းနိုင်ငံရဲ့ရန်သူအဖြစ် သတ်မှတ်ပြီး အရေးယူဖို့လိုကြောင်းပြော

အိမ်နီးချင်း မြန်မာနိုင်ငံက ဝပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)ဟာမူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ကစွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသင့်တယ်လို့ ပြောကြားသွားပါတယ်။

ဓါတ်ပုံ-The Nation

■ အချိန်ကိုက် နိုင်ငံ​ရေးကစားကွက်ဖြစ်ပြီးအခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ UWSA တုံ့ပြန်ထား

မေ-၂၈၊၂၀၂၅/People’s Spring

အိမ်နီးချင်း မြန်မာနိုင်ငံက ဝပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)ဟာမူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ကစွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသင့်တယ်လို့ ပြောကြားသွားပါတယ်။

UWSAနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ အစုအဖွဲ့ အားလုံးကို ထိုင်းနိုင်ငံရဲ့ ရန်သူတွေအဖြစ် ရှုမြင်ဖို့ လိုတယ်လို့ သက်ဆင်က ဆိုပါတယ်။ အခုသီတင်းပတ်ထဲမှာ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB)က ကျင်းပတဲ့ အခမ်းအနား တစ်ခုမှာ သက်ဆင်က UWSAနဲ့ ပတ်သက်လို့ အခုလို ခါးသီးတင်းမာတဲ့ မှတ်ချက်မျိုး ပေးသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဝေမျှပေးဖို့ ဖိတ်ကြား ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာမူးယစ်ဆေးဝါး ဂိုဏ်းတွေကို သက်ဆင်က စစ်ကြေညာပြီး ဖြိုခွင်းခဲ့တဲ့အပေါ်လူထုထောက်ခံမှုရရှိခဲ့ပေမယ့်တစ်ဖက်မှာတော့ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ပါတယ်။

သက်ဆင်က ထိုင်းရဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာမှာနိုင်ငံပြင်ပမှာထုတ်လုပ်ပြီးပြည်တွင်းကို တင်သွင်းလာတဲ့ လမ်းကြောင်းတွေကို အထူးဂရုပြုဖို့ လိုတယ်လို့ ပြောပါတယ်။ အဲဒီနောက် ထိုင်းရဲ့ မူးယစ်ဆေးဝါး ပြဿနာအတွက် အဓိက ခေါင်းခဲစေမယ့် ပင်မလမ်းကြောင်းအဖြစ် ဝတပ်လို့ သုံးနှုန်းခေါ်ဝေါ်လေ့ ရှိကြတဲ့ UWSAကို သူက တိုက်ရိုက် လက်ညှိုးထိုးခဲ့တာပါ။

သက်ဆင်ကထိုင်းနိုင်ငံကို ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါး အားလုံးနီးပါးဟာ UWSAက ထုတ်လုပ်နေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။သူကထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး UWSAကို ဖြိုခွင်းပေးရေး ကိစ္စအတွက် မြန်မာဖက်ကို ဖိအားပေး တောင်းဆိုသင့်ကြောင်းလည်း ဆိုပါတယ်။ဒါပေမဲ့အဲဒီကိစ္စကိုမြန်မာဖက်ကပျက်ကွက်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို မတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင် တုံ့ပြန် အရေးယူဖို့ စဉ်းစားသင့်ကြောင်းလည်း သက်ဆင်က ဆိုပါတယ်။

ဒါဟာ သက်ဆင်က ပြည်တွင်းမှာ ကြုံနေတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပတ်သက်လို့ UWSAကို တိုက်ရိုက်အကျဆုံး စွပ်စွဲပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်လာခြင်းလည်း ဖြစ်ပါတယ်။

UWSAရဲ့ လားရှိုးဆက်ဆံ​ရေးရုံး တာဝန်ခံဦးညီရန်းကတော့ သက်ဆင်ရဲ့ စကားတွေဟာ အချိန်ကိုက်နိုင်ငံ​ရေးကစားကွက်ဖြစ်ပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ တုံ့ပြန်ထားပါတယ်။

ဦညီရန်းကလူမှုကွန်ရက်ပေါ် ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ ဦးညီရန်းက ” မိုင် ရာထောင်ချီသည့် မြန်မာနယ်စပ်၌ မိမိတို့ UWSA “ဝ”တပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါ။ မူးယစ် ဆေးဝါးများသည် မိမိတို့အား အန္တရာယ်ပြုသည်သာမက လူသားများ၏ဘုံရန်သူများဖြစ်ပြီးစဥ်ဆက်မပြတ်ကြိုးစားတိုက်ဖျက်သော်လည်းပိတ်ပင်တားဆီးဖို့မလွယ်ကူပေ”လို့​ရေးသားထားပါတယ်။

ဒါအပြင် သူကဆက်ပြီး​တော့ “”ဝ”တပ်ဖွဲ့ထိန်းချုပ်နယ် မြေအတွင်း ၂၀၀၅ ခုနှစ်၌ မူးယစ်စိုက်ပျိုးမှုကင်းစင်နယ်မြေအဖြစ် ကမ္ဘာအားကြေညာခဲ့ပြီး ဆက်လက်၍ မူးယစ်ဆေးဝါးများ စိုက်ပျိုး ၊ထုတ်လုပ် ၊ရောင်းဝယ်၊သယ်ယူပို့ဆောင် ရေး နှင့် သုံးစွဲမှု တို့အား ကြီးလေးပြစ်ဒဏ်ချမှတ်ကာ တိုက်ဖျက်မှုကြောင့် မူးယစ်သုံးစွဲမှုအနဲဆုံးပြည်နယ်အဖြစ် တွေ့ရှိနိုင်သည်”လို့​ရေးသားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။