Connect with us

Hi, what are you looking for?

သတင်း

တီးတိန်သို့သွား​နေသည့်စစ်တပ်စစ်ကြောင်းကို CC နှင့် CB တပ်များပူးပေါင်းခုခံတိုက်ခိုက်

ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့နယ်သို့သွား​​နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကလေး-သိုင်းငင်းလမ်းမပေါ်၌ ချင်းပြည်ကောင်စီ (CC )နှင့် ချင်းညီနောင်(CB) ပူးပေါင်းတပ်များက ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။

စစ်တပ်စစ်​ကြောင်းထိုးလာ၍ ​နေရပ်မှတိမ်း​ရှောင်ရန်ပြင်ဆင်​နေ​သော​ဒေသခံတဦး။ ဓါတ်ပုံ-CDF-စီယင်

​မေ-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့နယ်သို့သွား​​နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကလေး-သိုင်းငင်းလမ်းမပေါ်၌ ချင်းပြည်ကောင်စီ (CC )နှင့် ချင်းညီနောင်(CB) ပူးပေါင်းတပ်များက ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။

အင်အား ၈၀၀ ခန့်ပါဝင်သည့်စစ်ကာင်စီတပ်စစ်ကြောင်းသည် မေလ ၁၈ရက်တွင်ချင်းပြည်သို့ လက်နက်ခဲယမ်း ရိက္ခာနှင့် စစ်ကူပို့ရန် စစ်​ကြောင်းထိုးလာရာ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF Siyin၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF KKG၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်၊ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ ပူးပေါင်း ခုခံတိုက်ခိုက်နေသည်ဟုသိရသည်။

“စကစ စစ်ကြောင်းကတော့ အခုထိ တီးတိန်မြို့နယ်စီယင်းဒေသ ပေါ့နော် မွာလ်ပီးနဲ့ ဟဲန်ဇိန် ရွာကြားမှာ သူတို့က တိုက်ခိုက်တာ။ အဲဒီဘက်က ကလေးဘက်နဲ့နီးစပ်တယ်။အဆက်အသွယ်ခက်ခဲတယ်။အဲဒီဘက် မိုးရွာနေတယ်။ဒါပေမဲ့ အဲဒီဘက်နေရာမှာတိုက်ပွဲတော့အခုထိတော့ရှိပါတယ်။ စကစတော့ တက်မလာနိုင်သေးဘူး။ သိုင်းငင်းအထိတော့ တက်မလာနိုင်သေးဘူး အဲဒီလိုမျိုးနဲ့ ခုခံနေတာဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ အတူတကွ ပူးပေါင်းတိုက်ခိုက်နေမှုသည် အလွန်ကောင်းမွန်သည့် အခြေအနေဟုလည်း၎င်းက ပြောသည်။

“အဲဒီလိုမပူးပေါင်းဘူးဆိုရင်တော့စကစက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို စကစ ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပူးပေါင်းဖို့လိုတယ်။ မပူးပေါင်းဘူးဆိုရင် ပြည်သူလူထုပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့ပဲ ဖြစ်ဖြစ် နစ်နာမှာ ဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

အတူတကွ စည်းလုံးပြီး ပူးပေါင်းတိုက်ခိုက်ပါက ချင်းလူမျိုးများစည်းလုံးရေး၊စစ်ကောင်စီချေမှုန်းနိုင်ရေး လုပ်ငန်းများ ပိုမိုထိရောက်မည်ဟု ၎င်းကဆိုသည်။

“ကျနော်တို့ ချင်းပြည်တခုလုံးထိန်းချုပ်နိုင်ဖို့ သိမ်းယူနိုင်ဖို့ ဆိုရင်တော့မဖြစ်မနေပူးပေါင်းဖို့လိုတယ်။စည်းလုံးဖို့လိုတယ်။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် အတူတကွ ပူးပေါင်းပြီးမှ စကစကို ချေမှုန်းဖို့လိုတဲ့အတွက်ကြောင့် ပြည်သူအနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင် အနေနဲ့ပဲဖြစ်ဖြစ် ထောက်ခံတယ် လက်ခံတယ် အားပေးပါတယ်လို့ပဲ ကျနော်ပြောချင်တယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်စစ်ကြောင်းကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်များပူးပေါင်းတိုက်ခိုက်နေမှု အပေါ် ချင်းညီနောင် စစ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ စစ်ရေးလုံခြုံရေးအရ လတ်တလော မဖြေကြားနိုင်သေးဘဲ စစ်ဆင်ရေး အချိန်ကာလတခုရောက်မှသာထုတ်ပြန်ပြောဆိုသွားရန်ရှိသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အချင်းချင်းကြား စစ်ရေးပဋိပက္ခများချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ချင်းလွှတ်တော်အမတ်များ မေတ္တာရပ်ခံ

သတင်း

ချင်းပြည်နယ် တီးတိန်မြို့နယ် မွှာလ်ပီးကျေးရွာ၌ တစ်လခွဲကျော် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ယနေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီက ဇွန်လ ၃ရက်ညပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။

သတင်း

ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တီးတိန်မြို့နယ် မွှာလ်ပီးရွာနှင့်ထေဇန်းရွာအကြားတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။