Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲခံရသည့် တပ်သားသစ်က စစ်ကောင်စီတပ်ပြန်တိုက်ရန် KNLAထံ အလင်းဝင်

စစ်ကောင်စီတပ်က ပေါ်တာစွဲစစ်သားစုဆောင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာပြီး စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

အလင်းဝင်လာသော ခမရ(၃၅၅)တပ်ရင်းမှ တပ်သား ဒိုင်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − screengrab

မေ ၂၈၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီတပ်က ပေါ်တာစွဲစစ်သားစုဆောင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာပြီး စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလာသည့် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅)တပ်ရင်းမှ တပ်သား ဒိုင်ဦး၏ ပြောကြားချက်ကို KNLA ဗဟိုဌာနချုပ်က မေလ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ရာ တပ်သား ဒိုင်ဦးက စစ်သားစုဆောင်းခံရမှုအခြေအနေနှင့် အလင်းဝင်လာရသည့် ရည်ရွယ်ချက်ကို ပြောသည်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၌ နေထိုင်သည့် တပ်သားဒိုင်ဦးသည် မြိတ်(ဘိတ်)မြို့သို့ အလုပ်လုပ်ရန်သွားရောက်စဉ် တက္ကစီသမားက အလုပ်ပေးမည်ဟုပြော၍ လိုက်ပါစဉ် ပေါ်တာဆွဲခံရခြင်းဖြစ်သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေစိုက် စစ်ကောင်စီ၏ သင်တန်းကျောင်း၌ သင်တန်းတက်ခဲ့ပြီး ခမရ(၃၅၅)၊ ထိုမှတဆင့် အောင်ဇေယျစစ်ဆင်ရေးသို့ ပို့ဆောင်ခံရဟု တပ်သား ဒိုင်ဦးက ပြောသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် လူငယ်များကို ဖျက်စီးသကဲ့သို့ ဖြစ်၍ မကြိုက်ကြောင်း တပ်သား ဒိုင်ဦးက ပြောသည်။

” အလင်းဝင်ပြီး လက်နက်ကိုင်ပြီး ပြန်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်နဲ့ပြေးလာတာ”ဟု တပ်သား ဒိုင်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်တွင်း ဝါဒဖြန့်သကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ပါက အသတ်ခံရမည်ဆိုသည်မှာ လုံး၀ မဟုတ်မှန်ကြောင်း ရှင်းပြပြီး ကျန်နေသည့် စစ်ကောင်စီတပ်သားများ အမြန်ဆုံး အလင်းဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း ဒေသအသီးသီးရှိ လူငယ်၊လူရွယ်များကို နည်းပေါင်းစုံဖြင့် အဓမ္မ စစ်သားစုဆောင်းပြီး အချိန်တို စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

KNUအပါအဝင် တော်လှန်ရေးတပ်များက အဓမ္မစစ်သားစုဆောင်းခံရသူများအပါအဝင် စစ်ကောင်စီတပ်သားများ စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားအတွက် အသက်အသေမခံဘဲ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းနိုင်ရေး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။