သတင်း ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ကျော်၏ အမည်စာရင်းပေါက်ကြား မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ ကျော်၏ အမည်စာရင်း ရရှိထားကြောင်း ပခုက္ကူခရိုင်အခြေစိုက်လှုပ်ရှားတပ် People's Democratic Army(PDA)က အသိပေးထုတ်ပြန်သည်။ ludunwayooမတ် 2, 2025
သတင်း မဟာမိတ် TNLAနှင့် ပဋိပက္ခဖြစ်ပွားမှု လက်နက်အင်အားသုံး ဖြေရှင်းခြင်း လုံး၀မလုပ်ရန် KIAတပ်ကို KIO ဗဟို ညွှန်ကြား မဟာမိတ်KIA နှင့်မြေပြင်ပဋိပက္ခများထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် တိုက်တွန်း ludunwayooမတ် 2, 2025
သတင်း အပစ်ရပ်ရန် တဖက်သတ်ဖိအားပေးမှုရှိသော်လည်း နည်းလမ်းရှာ တော်လှန်ရုန်းထွက်ရမည်ဟု TNLA ခေါင်းဆောင်ပြော အပစ်ရပ်စဲရေးပြုလုပ်ရန် တဖက်သတ် ဖိအားပေးမှုရှိနေကြောင်းတအာင်းတပ်မတော်(TNLA) ခေါင်းဆောင်တဦးဖြစ်သော ဗိုလ်ချုပ်တားဘုန်းကျော်ကအသိပေးခဲ့ပြီး တော်လှန်ရုန်းထွက်ရန်သာ နည်းလမ်းထပ်ရှာရမည်ဟုပြောကြားခဲ့သည်။ ludunwayooမတ် 2, 2025
သတင်း ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သံဃာတစ်ပါး ဒဏ်ရာရ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပြည်သူများနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုနှင့် သံဃာတစ်ပါးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးသည်။ ludunwayooမတ် 2, 2025
သတင်း ရေစကြိုမြို့နယ်မှစစ်ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေ၊ ခြောက်ဦး အရှင်ဖမ်းခံရ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်းငါးလောင်း ရရှိပြီး ခြောက်ဦးအရှင်ဖမ်းမိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့(MCRF)က ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။ ludunwayooမတ် 1, 2025
သတင်း စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ် စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 28, 2025
သတင်း ကော့ကရိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ ကော့နွှဲ့ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံး၊ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရဟု SOGစစ်ကြောင်း ပြော ludunwayooဖေဖော်ဝါရီ 28, 2025
သတင်း ဓာတ်ဆီလောင်းမီးရှို့ခံရသည့်ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄ အမိန့် ထုတ် ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။ ludunwayooဖေဖော်ဝါရီ 28, 2025
သတင်း KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 28, 2025
သတင်း ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း၊ စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 28, 2025