Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ခရီးသွား ၂ဦး သေဆုံး

ကျောက်ကြီးတွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၂ဦးသေ

စစ်ကောင်စီ၏ ခမရ(၃၀၇)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − KNU

မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)နှင့် ကျောက်ကြီး(လယ်ဒို)မြို့နယ်များတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး အခြေအနေကို ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

မေလ ၂၁ရက်က ရွှေကျင်မြို့နယ် သံဆိမ်စခန်းမှ စစ်ကောင်စီတပ်၏ စုပေါင်းတပ်များမှ ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားတွင် ခရီးသွာလာနေသော ဒေသခံပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဝိုင်းကျွန်းကျေးရွာမှ (၅၀)ကျော် အမျိုးသားနှင့် တပင်ချောင်းကျေးရွာမှ (၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၂၁)နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မေလ ၂၃ရက်တွင်လည်း စစ်ကောင်စီ၏ ခမရ(၃၀၇)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ကာ အိမ်ရှင်အမျိုးသမီး တစ်ဦးနှင့် နရွဲပင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် (၇၅)နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီသည် KNUအုပ်ချုပ်နယ်မြေများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိ၍ ပြည်သူသေဆုံးထိခိုက်မှုများ၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရမှုများ ကြုံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ရာမညမွနfတပ်တော်(RMA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဒဏ်ရာရခဲ့ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအပါအဝင် နိုင်ငံတဝန်း၌ စစ်ရေးအရရှုံးနိမ့်မှုများ ကြုံနေရ၍ ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)တာဝန်ရှိသူက ပြောကြားသည်။