Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်

အထိနာ၍ ဆုတ်ခွာထွက်ပြေး၊သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းများတွေ့

နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ထံမှ သိမ်းရသော ပစွစည်းများ။ ဓာတ်ပုံ − သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)

မေ ၂၄ ၊၂၀၂၅။ ရဲခေါင်၊ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားပြီး သေဆုံးရုပ်အလောင်းများ တွေ့ရှိ​ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)က ယနေ့(မေလ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ပဲခူးရိုးမရှိ ခါချဥ်တောင်ပေါ်သို့ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း တက်လာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား မေလ ၂၂ ရက် ညကစ၍ ဟိုင်းယုလမ်းဆုံနှင့် ပျဥ်ကတိုးခင်းကျေးရွာကြားရှိ တရုတ်ပေါက် ကျောက်ကုန်းအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု အထက်ပါတပ်ရင်းက ဆိုသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံး၍ အများအပြားဒဏ်ရာရရှိကာ အထိနာသွား၍ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ တပ်ဆုတ်ထွက်ပြေးသွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မေလ ၂၃ ရက်)နံနက် ၅နာရီခွဲခန့်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော ရုပ်အလောင်းများ လာကောက်သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထပ်မံထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ (မေလ ၂၄ ရက်)နံနက်တွင် ရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာအနီး နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည့်အပြင် ချောက်ကမ်းပါးအတွင်း ပစ်ချထားသော သေဆုံး စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း၊မြေကြီးအတွင်း မြုပ်ထားသည့် ရုပ်အလောင်း သုံးလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲဆက်ဖြစ်လာနိုင်တယ်။မိုးမရွာရင် ဒီကောင်တွေ ပြုတ်မှာ”ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ(၅)တာဝန်ရှိသူက ပဲခူးရိုးမသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်အခြေအနေအပေါ် လူထုနွေဦးသို့ ပြောသည်။

မေလ ၁၁ ရက်ကလည်း မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းရှိ စိန်ကန့်လန့် နှင့် မြို့ချောင်းရိုးမဖြတ်ကျော် လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းမှ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂ ) တပ်ခွဲ(၅)က သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တနင်္သာရီမြို့နယ်၊မောတောင်ဒေသပြန်လည်စိုးမိုးနိုင်ရေးနှင့်စစ်အင်အားဖြည့်တင်းနိုင်ရေးကြိုးပမ်းနေသည့်စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဒေသခံ ပြည်သူများ ကာလကြာရှည်စစ်ဒဏ်သင့်ခြင်းမှ အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် KNU/KNLAတပ်ဖွဲဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ လိုအပ်သော ဆောင်ရွက်မှုများအား အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ခဲ့သည်။

သတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။