Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်

အထိနာ၍ ဆုတ်ခွာထွက်ပြေး၊သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းများတွေ့

နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ထံမှ သိမ်းရသော ပစွစည်းများ။ ဓာတ်ပုံ − သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)

မေ ၂၄ ၊၂၀၂၅။ ရဲခေါင်၊ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားပြီး သေဆုံးရုပ်အလောင်းများ တွေ့ရှိ​ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)က ယနေ့(မေလ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ပဲခူးရိုးမရှိ ခါချဥ်တောင်ပေါ်သို့ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း တက်လာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား မေလ ၂၂ ရက် ညကစ၍ ဟိုင်းယုလမ်းဆုံနှင့် ပျဥ်ကတိုးခင်းကျေးရွာကြားရှိ တရုတ်ပေါက် ကျောက်ကုန်းအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု အထက်ပါတပ်ရင်းက ဆိုသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံး၍ အများအပြားဒဏ်ရာရရှိကာ အထိနာသွား၍ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ တပ်ဆုတ်ထွက်ပြေးသွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မေလ ၂၃ ရက်)နံနက် ၅နာရီခွဲခန့်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော ရုပ်အလောင်းများ လာကောက်သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထပ်မံထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ (မေလ ၂၄ ရက်)နံနက်တွင် ရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာအနီး နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည့်အပြင် ချောက်ကမ်းပါးအတွင်း ပစ်ချထားသော သေဆုံး စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း၊မြေကြီးအတွင်း မြုပ်ထားသည့် ရုပ်အလောင်း သုံးလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲဆက်ဖြစ်လာနိုင်တယ်။မိုးမရွာရင် ဒီကောင်တွေ ပြုတ်မှာ”ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ(၅)တာဝန်ရှိသူက ပဲခူးရိုးမသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်အခြေအနေအပေါ် လူထုနွေဦးသို့ ပြောသည်။

မေလ ၁၁ ရက်ကလည်း မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းရှိ စိန်ကန့်လန့် နှင့် မြို့ချောင်းရိုးမဖြတ်ကျော် လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းမှ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂ ) တပ်ခွဲ(၅)က သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook