Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ နောက်ဆက်တွဲငလျင်ကြောင့် ပြည်သူတွေ နေအိမ်ပေါ်က ဆင်းပြေးရပြန်

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။

မတ်လ ၂၈ရက် လှုပ်ခတ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသော မန္တလေးမြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၅၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။

ဒီကနေ့ မေလ(၂၅)ရက် မနက် ၅ နာရီ ၅၂မိနစ်ခန့်က မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဟာ အနည်းငယ်ပြင်းပြီး သိသာစွာ ခံစားလိုက်ရတာကြောင့် ပြည်သူတွေ နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တော်တော်ကြမ်းတယ်။ အိမ်ကို ဆောင့်တွန်းလိုက်သလို ရမ်းခါသွားတာ။ အကုန်ဆင်းပြေးရတယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ ဒီမနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အင်အား ၄.၂ ရစ်(ခ်)တာစကေးရှိပြီး အနက် ၁၀ကီလိုမီတာကနေ မန္တလေးမြို့ရဲ့ အနောက်ဘက် (၁၂) မိုင်ခန့်အကွာနေရာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

မန္ဆလေးမြို့မှာ မေလလယ်ပိုင်းကလည်း နောက်ဆက်တွဲ ငလျင်တွေထပ်လှုပ်နေလို့ ပြိုလက်စ အဆောက်အဦးတချို့ ထပ်မံပြိုကျခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ ဒီမနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အရှေ့မြောက်ဘက် ၂၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စလော့ဂိမ်းရှုံးတဲ့ ကားသမား ၁ဦး အဆုံးစီရင်ပြီးလို့ ၁လမပြည့်ခင်မှာဘဲ မန္တလေးမြို့မှာလည်း စလော့ဂိမ်းရှုံးလို့ ကျပ်သိန်းရာချီ အကြွေးတင်နေတဲ့ အမျိုးသား ၁ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ မြောင်းအဖုံးခိုးယူသူတွေ ဖမ်းမမိလို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပြည်သူကို အကူအညီ ပြန်တောင်းနေရပါတယ်။