Hi, what are you looking for?
သံမဏီနှင်းဆီနဲ့ သင်ကေတပြုထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်တွေဟာ တကယ်တော့ လူတစ်ဦးရဲ့မွေးနေ့ထက် အဓိပ္ပါယ်လေးနက်ပါတယ်။ လူထုခေါင်းဆောင်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထုခေါင်းဆောင်ရဲ့ ဒီမိုကရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကိုလျှောက်လှမ်းရပေမယ့် နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြမှုတွေလည်းဖြစ်ပါတယ် ။
အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၁၁ရက်မှာ မြို့နယ်ပေါင်း ၁၀၀ ကပြည်သူတွေမဲပေးတာကိုလိုချင်နေပါတယ် ။ တကယ်တော့ စစ်တပ်စိတ်တိုင်းကျ လုပ်တဲ့ ဟန်ပြရွေးကောက်ပွဲမှာ မြန်မာပြည်သူ တဦးချင်းမဲပေးတာ ၊မပေးတာက ရလဒ်အတွက်တော့မထူးလှပါဘူး ။ဘာကြောင့်လဲဆိုရင် စစ်အုပ်စုကရလဒ်ကို သူတို့လိုချင်တဲ့အဖြေရအောင် ကြိုထုတ်ပြီးသားမို့ပါ။