Hi, what are you looking for?
-Anynon ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...
သံမဏီနှင်းဆီနဲ့ သင်ကေတပြုထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်တွေဟာ တကယ်တော့ လူတစ်ဦးရဲ့မွေးနေ့ထက် အဓိပ္ပါယ်လေးနက်ပါတယ်။ လူထုခေါင်းဆောင်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထုခေါင်းဆောင်ရဲ့ ဒီမိုကရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကိုလျှောက်လှမ်းရပေမယ့် နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြမှုတွေလည်းဖြစ်ပါတယ် ။
ဒီပ/People’s Spring ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာတွေကို စိတ်ကြိုက်သုံးပြီး ခေတ်မီတပ်မတော်ဆိုကာဟန်ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်ရေးကြီးတစ်ခုရှိပါတယ် ။ စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်လောက်ထိကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံးကောင်ရုပ်ပုံတွေကို စစ်တပ်ရုံးတွေ၊စခန်းတွေမှာ ဇောက်ထိုးထား ယတြာချေခဲ့ရတယ်အထိ စစ်အုပ်စု ကယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်ရေးလို့ခေါ်ပါတယ် ။ ၁၀...
'အကြောက်တရား Fear'က ကြောက်စရာ ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ 'အကြောက်တရားက လွတ်မြောက်ရေး'ဆိုပြီး အမ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့တော့ အဂတိလေးပါးထဲက ဘယာဂတိကို နမူနာပြခဲ့ပါတယ်။ ကျမကိုယ်တိုင်ကတော့ 'သင် ကြောက်ရဲပါစေ'ဆိုတဲ့ အရေးအသားကို ရေးဖြစ်ခဲ့ပါတယ်။ (အရင်က တင်ထားဖူးတဲ့ 'ကြောက်ရဲပါစေ'အော်ဒီယိုဖိုင်လေးကို ကော်မန့်မှာ တင်ထားပါမယ်)။ တကယ်တော့...
၂၀၀၇ခုနှစ်က အာဖရိကတိုက်၊ဆူဒန်နိုင်ငံဖွားဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီးမိုအီဘရာဟင်က ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီး အာဏာနဲ့ ရာထူးကနေရိုးရိုးသားသားထွက်ခွာပေးမယ့် အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ၅သန်း ဆုချီးမြှင့်မှာဖြစ်ပါသတဲ့။ နိုင်ငံပေါင်း၅၄နိုင်ငံလောက်မှာဒီနေ့အထိဒီဆုကိုရသူစုစုပေါင်းလက်၅ ချောင်းစာပဲရှိပါတယ်။
ဆလိုင်းယောမာန်ရေးသားသည်။ ဒီ၂၀၂၅ နှစ်လယ်ပိုင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ကော်မရှင်လို့ အမည်ပြောင်းပြီး နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြောင်ပြောင်တင်းတင်း ပြင်ဆင်လာပါတယ်။ တဆက်တည်းမှာပဲ.. စစ်ကော်မရှင်ဟာ ကိုယ့်အခြေအနေ ကိုယ်သိတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် (၃၃၀) ထဲက မြို့နယ်ပေါင်း(၂၆၇) ကျော်မှာပဲ ရွေးကောက်ပွဲကျင်းပဖို့လျာထားတယ်လို့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့တယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့...