Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ်တွေကို ခြံရံ ပျံသန်းပေးမယ့် ဒရုန်း တိုက်လေယာဉ်တွေကို အမေရိကန်လေတပ် စတင်မှာယူ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

General Atomicsနဲ့ Anduril စက်မှုလုပ်ငန်းတွေဟာ လေတပ်ရဲ့ အလိုအလျောက် ပူးပေါင်း ဆောင်ရွက်မှု တိုက်ခိုက်ရေး လေယာဉ် (CCA) ပရောဂျက်အတွက် ပထမဆုံး လေယာဉ်တွေကို ထုတ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းကို စိတ်ကူးဖန်တီးမှု prototype အဆင့်ကနေ ၂ နှစ်အတွင်းမှာတင် လက်တွေ့ ထုတ်လုပ်မှု အဆင့်ဆီ ခပ်မြန်မြန် ကူးပြောင်းလာခဲ့တာပါ။

လေတပ်ဟာ General Atomicsကို FQ-42 ဒရုန်းတိုက်လေယာဉ်တွေ တည်ဆောက်ရေးအတွက် စာချုပ် ချုပ်ဆိုခဲ့ပြီး Andurilကိုတော့ FQ-44အတွက် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာချုပ်တန်ဖိုးက ဘယ်လောက် ကျသင့်သလဲ၊ မှာယူတဲ့ အရေအတွက်က ဘယ်လောက်လဲ ဆိုတာတွေကိုတော့ မထုတ်ပြန်ပါဘူး။

အမေရိကန် လေတပ်ဟာ အနာဂတ် စစ်ဆင်ရေးတွေမှာ လူသားတွေနဲ့ အလိုအလျောက် ထိန်းချုပ် အလုပ်လုပ်နိုင်တဲ့ စက်ပစ္စည်းတွေ ပူးပေါင်းရေးကို အထူးအလေးထား အကောင်အထည် ဖော်နေပြီး CCAဟာ အဲဒီ ရည်မှန်းချက်ရဲ့ အဓိက ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ခက်ခဲကြမ်းတမ်းတဲ့ စစ်မြေပြင်တွေမှာ လူသားတွေ ထိန်းချုပ်ပျံသန်းတဲ့ တိုက်လေယာဉ်တွေကို ဒရုန်းတွေက အခြံအရံအဖြစ် လိုက်ပါပေးပြီး ကင်းထောက်မှု၊ ကာကွယ်မှု၊ ပူးပေါင်း တိုက်ပွဲဝင်မှုတွေအတွက် ကူညီပံ့ပိုးစေဖို့ လေတပ်က ရည်ရွယ်ထားတာပါ။ လေတပ်ဟာ CCA တိုက်လေယာဉ် စုစုပေါင်း ၁၀၀၀ လောက်ထိ ပိုင်ဆိုင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

လေတပ်ရဲ့ ညွှန်ကြားရေးမှူး ထရိုင်မီယန့်ခ်က အခု ဆယ်စုနှစ် အကုန်လောက်ဆိုရင် လေတပ်မှာ တိုက်ပွဲဝင်အဆင့် ပျံသန်းနိုင်တဲ့ CCA ဒရုန်းတိုက်လေယာဉ် အစီး ၁၅၀ ကျော်လောက် ပိုင်ဆိုင်ထားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

General Atomicsက ထုတ်လုပ်ပြီး Dark Merlinလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ FQ-42 ဒရုန်း တိုက်လေယာဉ်တွေကို အနည်းဆုံး ၃ စီးလောက် တည်ဆောက်ပြီး လက်တွေ့ စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်ထားပါတယ်။ အဲဒီ လေယာဉ်တွေဟာ အမေရိကန်ရဲ့ လက်ရှိ နည်းပညာ အမြင့်ဆုံး F-22၊ F-35 တိုက်လေယာဉ်တွေ၊ အနာဂတ်မှာ ထုတ်လုပ်သွားမယ့် F-47 မျိုးဆက်သစ် တိုက်လေယာဉ်တွေကို ခြံရံ ပျံသန်းပြီး ဝေဟင်တိုက်ပွဲတွေမှာ အဓိက တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

Andurilက တည်ဆောက်ပြီး Furyလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ FQ-44ကလည်း တူညီတဲ့ စစ်ဆင်ရေး ရည်မှန်းချက်မျိုးအတွက် တည်ဆောက်ထားပေမယ့် F-15EXလို မျိုးဆက်အရ ပိုစောတဲ့ တိုက်လေယာဉ်တွေနဲ့ပါ ချိတ်ဆက် ပျံသန်းနိုင်အောင် တီထွင်ထားပါတယ်။ လက်ရှိ ဒီဇိုင်းတွေ အရတော့ ဒရုန်းတိုက်လေယာဉ် နှစ်မျိုးစလုံးမှာ ဝေဟင်ပစ် ဒုံးကျည် နှစ်စင်းဆီ သယ်ယူနိုင်အောင် တည်ဆောက်ထားကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။