Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ရက်ည ၁၁နာရီခွဲမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျင်ဒွေးမြို့ကို ဗုံးကြဲခဲ့တာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ ၁၁ဦးရှိပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“မိဘပြည်သူများ လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် နေရာယူပေးကြစေလိုပါတယ်ရှင့် “ ဟု မြို့နယ်လူသားစာနာဘေးစီမံ ဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လေကြောင်း ပစ်ကူတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီကနေ့ ဇွန် ၂၀ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်မြို့နယ် ထိုးစစ်မစခင်ကလည်း ကန်ပက်လက်နဲ့ ကျင်ဒွေးကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဧပြီလကုန်ပိုင်းက ကျင်ဒွေးမြို့ တံတားကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့လို့ တံတားပြင်နေတဲ့ အရပ်သား ၉ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook