Connect with us

Hi, what are you looking for?

ဆောင်းပါး

၄ ကြိမ်တိုင် ထွက်ပြေးခဲ့ရသူ

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

ဇေအောင်/People’s Spring

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

​နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေတဲ့ အဖေနဲ့အမေကို တွေ့ချင်လွန်းလို့၊ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုချင်လွန်းလို့ အားခဲပြီး ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းရဲ့ အိမ်အပြန်လမ်းဟာ အောင်မင်္ဂလာကားဂိတ်မှာတင် စစ်ကောင်စီရဲ့ မတရားအဓမ္မ ပေါ်တာဆွဲတာကို ခံလိုက်ရပါတော့တယ်။

“မိဘနှစ်ပါးလုပ်ကျွေးဖို့ပဲခေါင်းထဲမှာရှိတာ။ အဖေနဲ့အမေကို တွေ့ချင်လွန်းလို့ ပြန်လာခဲ့တာ။ အိမ်တောင်မရောက်ခဲ့ဘူး။ အဆက်အသွယ်မရတာလည်း ၇ နှစ် ၈ နှစ်လောက်ရှိပြီ”လို့ သူကပြောတယ်။

Public Service Announcement

Public Service Announcement

​ကိုအောင်ငြိမ်းချမ်းကို ထောက်ကြံ့က ခမရ (၁၀၆)က ကားနဲ့ စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်ခြင်းခံခဲ့ရပြီး စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းကျောင်းကို ရောက်ရှိသွားခဲ့ပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် (၁) မှာ ဆန္ဒအလျောက် တက်ရောက်သူတွေများပါတယ်လို့ မုသားအပြည့်နဲ့ ဝါဒဖြန့်ခဲ့ပေမယ့် လက်တွေ့မြေပြင်မှာတော့ အပတ်စဥ် (၁)မှာကတည်းက ပေါ်တာဆွဲခံရသူတွေ ပါဝင်ခဲ့တာပါ။

​သင်တန်းကျောင်းရောက်လို့ “သင်တန်းတက်ချင်လား” လို့ မေးမြန်းချိန်မှာ “မတက်ချင်ဘူး”လို့ ဖြေမိတဲ့ လူငယ်တွေကို ပါးတွေချည်း လှိမ့်ရိုက်တာ၊ ထိပ်တုံးခတ်တာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်တယ်လို့ ကိုအောင်ငြိမ်းချမ်းက ပြောပြတယ်။

​စိတ်နာကျည်းစရာ အကောင်းဆုံးကတော့ စားသောက်ရတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြရင်လည်း ရိုက်ပုတ်ပြီး အတင်းအဓမ္မကျွေးမွေးသလို၊ ကျွေးပြန်တော့လည်းထမင်းထဲကိုသဲတွေ၊ ကျောက်ခဲတွေ ဖြူးပြီး လူမဆန်စွာ ကျွေးမွေးခဲ့တယ်လို့ ကိုအောင်ငြိမ်းချမ်းက နာကျင်စွာ ပြောပြပါတယ်။

ကိုအောင်ငြိမ်းချမ်းဟာ ဘဝမှာ သေနတ်ဆိုတာ တစ်ခါမှမမြင်ဖူးလို့ ကြောက်ရွံ့နေခဲ့ရသူပါ။ ဒါပေမဲ့ ဒီငရဲခန်းက လွတ်မြောက်ဖို့အတွက် ကိုအောင်ငြိမ်းချမ်းဟာ သင်တန်းကျောင်းမှာတင် (၃) ကြိမ်တိုင်တိုင် ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် (၃) ကြိမ်စလုံး ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ပြောတယ်။

​သူ့လိုပဲ မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာလည်း အသက်ဘေးကြားကနေ စွန့်စားထွက်ပြေးခဲ့ကြရာ အပတ်စဉ် (၁) မှာတင် လူပေါင်း ၂၂ ယောက် ထွက်ပြေးခဲ့ပြီး ၁၁ ယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ပြန်အဖမ်းခံရသူတွေကို အချုပ်တွေထောင်တွေထဲ ပို့တယ်လို့ သူကပြောတယ်။ ဒီလို ဖမ်းဆီးနှိပ်စက်ခံရပြီး မိဘတွေနဲ့ ပြန်မတွေ့ရတော့ဘူးဆိုတဲ့ စိတ်ဒဏ်ရာခဲ့ရတယ်လို့ သူကဆိုတယ်။

​စစ်ကောင်စီတပ်ထဲမှာ အတင်းအဓမ္မ အမှုထမ်းခိုင်းစေခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိချိန်မှာတော့ လွတ်မြောက်ဖို့ အခွင့်အရေးကို သူအရဲစွန့် ရှာဖွေခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ အခြေအနေကြားကနေ အသက်ကိုရင်းပြီး နောက်တန်းကို အသည်းအသန် ပြန်လည်ထွက်ပြေးခဲ့တယ်လို့ သူက ပြောပြတယ်။

​လမ်းခရီးတစ်လျှောက်လုံး စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းအန္တရာယ်တွေကို ကျော်ဖြတ်ပြီး ရွှေကူမြို့မှာ တစ်ညဝင်အိပ်ကာ စက်လှေလေးတစ်စီးနဲ့ မြစ်ကြောင်းအတိုင်း စွန့်စားမောင်းနှင်လာခဲ့ပြီးနောက် ကမ်းပေါ်တက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံသို့ အောင်မြင်စွာ ချိတ်ဆက်အလင်းဝင်နိုင်ခဲ့ပါတယ်။

​“အလင်းဝင်တဲ့အချိန် အသက်ဘေးကလွတ်ပြီဆိုပြီးတော့ ပျော်တယ်။”လို့သူကပြောပြတယ်။

ကိုအောင်ငြိမ်းချမ်းဟာ အခုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ချိတ်ဆက်အလင်းဝင်လာခဲ့ပြီး စစ်ဗိုလ်ချုပ်တွေ စည်းစိမ်တည်မြဲရေးအတွက် အသေခံပေးရမယ့် ဘဝကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတဝှမ်းက လူငယ်လူရွယ်တွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲခံရနိုင်တဲ့ အန္တရာယ်ကို သတိပြုဖို့၊ မိမိအခြေအနေကြောင့် ရှောင်တိမ်းမရလို့ ပါသွားခဲ့ရင်လည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အလင်းဝင်ဖို့၊ တူမီးနဲ့စခဲ့ပြီး ပြည်သူ့ပံ့ပိုးမှုအမြောက်အများနဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် ရူးရူးမိုက်မိုက်ခံမတိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အကြံပြုပါတယ်။

​စစ်ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်အာဏာ တည်မြဲရေးအတွက် အဓမ္မစေခိုင်းခံရပြီး အသေခံပေးရမယ့် ဘဝကနေ လွတ်မြောက်သွားချိန်မှာတော့ ကိုအောင်ငြိမ်းချမ်းရဲ့ မျက်နှာမှာ အပြုံးတွေ ပြန်လည်ဆန်းသစ်လာခဲ့ပါပြီ။

​စစ်တပ်အပေါ် နာကျည်းချက်အပြည့်ရှိနေတဲ့ ကိုအောင်ငြိမ်းချမ်းက နိုင်ငံတဝှမ်းက လူငယ်တွေကိုစစ်ကောင်စီရဲ့ ပေါ်တာဆွဲမတရားဖမ်းဆီးမယ့် အန္တရာယ်ကို အတတ်နိုင်ဆုံး သတိပြု ရှောင်ရှားကြဖို့နဲ့ သူ့လိုမျိုး ဒုက္ခမရောက်စေချင်ဘူးလို့သူကပြောတယ်။

နောက်ဆုံးအနေနဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေပြီး အခုထိ အဆက်အသွယ်မရသေးတဲ့ မိဘနှစ်ပါးကိုလည်း “အသက်ရှိသေးတယ်ဆိုတဲ့အကြောင်း၊ မကြာခင်ပြန်လာခဲ့မယ်”လို့ ကိုအောင်ငြိမ်းချမ်းက မျှော်လင့်ချက်အပြည့်နဲ့ ကတိစကား ပါးလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။