Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ် စပ်ပြဲရွာတိုက်ပွဲ စစ်တပ်အလောင်း ၇လောင်း၊ လက်နက်ခဲယမ်းတွေ သိမ်းရဟု ပကဖ ထုတ်ပြန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

(လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)

ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စပ်ပြဲရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၅ရက် မနက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်တပ်က အထိနာလို့ ထားဝယ်မြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ကူပေးခဲ့သလို လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကလည်း ပစ်ကူပေးခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

(လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ – လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)

ဇွန်လ ၁၅ရက်မနက်မှာ စစ်တပ်က ဆုတ်ခွာသွားပြီး ကျေးရွာက လူနေအိမ်တဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်တပ် ရုပ်အလောင်း ၇လောင်း သိမ်းရခဲ့ပြီး အရာရှိ ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း သိမ်းရခဲ့တဲ့ လက်နက် ၁လက်နဲ့ ကျည်ခဲယမ်းတွေရဲ့ မှတ်တမ်းပုံနဲ့ စစ်တပ် အလောင်းပုံတွေလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က ထိခိုက်သေဆုံး အရေအတွက် ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးပါတယ်။

စပ်ပြဲရွာ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီးပြီး ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ်(၈၀ဝ၃)တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျား တပ်ဖွဲ့ Dragon Squad (2) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ ဇွန်လ ပထမပတ်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက ဇွန်လ ဒုတိယပတ်မှာ အသိပေးထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ စပ်ပြဲရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံက အသိပေးပါတယ်။

လောင်းလုံးပကဖရဲ့ အသိပေးချက်အရ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။