ဗီဒီယို တရုတ်က ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့မယ်လို့ တပ်အပ် ဟောကိန်း မထုတ်လိုကြောင်း ဘိုင်ဒန်ပြော အစောပိုင်းတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ တရုတ် အနေနဲ့ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို စစ်လက်နက်တွေ အုံနဲ့ကျင်းနဲ့ ပေးပို့တာမျိုး မူဝါဒ အပြောင်းအလဲ တစ်ခုခု ကျင့်သုံးလာနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2023
ဗီဒီယို အမေရိကန် ကတိပြုထားတဲ့ တင့်ကားတွေ ယူကရိန်းဆီ ရောက်ရှိဖို့ မသေချာ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ်... LuduNwayOoဖေဖော်ဝါရီ 24, 2023
ဗီဒီယို ယူကရိန်းနိုင်ငံ တည်တံ့ရေး ယူကရိန်း စစ်သည်တွေကပဲ ဆုံးဖြတ်နိုင်တယ်လို့ သမ္မတ မိန့်ခွန်းပြော ရုရှားဟာ ကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို နောက်တစ်ကြိမ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ယူကရိန်း စစ်တပ်ဟာ ကာကွယ်ရေး အစီအမံတွေကို အစွမ်းကုန် ထောင့်စေ့အောင် ပြင်ဆင်နေပါတယ်။ LuduNwayOoဖေဖော်ဝါရီ 24, 2023
ဗီဒီယို တရုတ်မှာ မိုင်းတွင်းပြိုလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေတုန်း မြေပြိုမှုထပ်ဖြစ် ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နောက်ထပ် မြေပြိုမှု ထပ်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 23, 2023
ဗီဒီယို တရုတ် မိုးပျံပူဖောင်းရဲ့ အပေါ်စီးကနေ ရိုက်ယူထားတဲ့ U-2 လေယာဉ်မှူးရဲ့ selfie ဓာတ်ပုံကို အမေရိကန်ထုတ်ပြန် အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ LuduNwayOoဖေဖော်ဝါရီ 23, 2023
ဗီဒီယို ငလျင်ဘေးသင့် တူရကီမှာ ငလျင်ထပ်လှုပ်ပြီး ထိခိုက်သေဆုံးမှုတွေ ကြုံရ ငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ပြည်သူ အတော်များများဟာ အိမ်တွေထဲမှာ မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ထွက်နေကြပြီး ညအိပ်ခဲ့ကြရတယ်လို့လည်း မျက်မြင်တွေက ပြောကြားသွားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 21, 2023
ဗီဒီယို ကပ်ရောဂါ မူလအစကို ရှာဖွေမှုတွေ လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ WHOပြော သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။ LuduNwayOoဖေဖော်ဝါရီ 16, 2023
ဗီဒီယို ပူတင် အနားပေးခဲ့တဲ့ ရုရှား ဗိုလ်ချုပ်တစ်ဦး ပဟေဠိဆန်ဆန် သေဆုံး ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
ဗီဒီယို အမေရိကန် မိုးပျံပူဖောင်းတွေလည်း လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ တရုတ် စွပ်စွဲ ဒီအတောအတွင်း အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲကနေ တရုတ် မိုးပျံပူဖောင်းရဲ့ အာရုံခံ အီလက်ထရောနစ် ကိရိယာတွေကို ဆယ်ယူ ရရှိထားပြီး သူလျှိုလုပ်ငန်းအတွက် အသုံးပြုတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့လည်း ကြေညာထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
ဗီဒီယို ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောကို တရုတ် ကမ်းခြေစောင့် ရေယာဉ်က ပြင်းအားမြင့် လေဆာနဲ့ လှမ်းထိုး လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။ LuduNwayOoဖေဖော်ဝါရီ 13, 2023