Connect with us

Hi, what are you looking for?

ဗီဒီယို

ငလျင်ဘေးသင့် တူရကီမှာ ငလျင်ထပ်လှုပ်ပြီး ထိခိုက်သေဆုံးမှုတွေ ကြုံရ

ငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ပြည်သူ အတော်များများဟာ အိမ်တွေထဲမှာ မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ထွက်နေကြပြီး ညအိပ်ခဲ့ကြရတယ်လို့လည်း မျက်မြင်တွေက ပြောကြားသွားပါတယ်။

ရစ်ချ်တာစကေး ၆.၄ အဆင့် နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်တာကြောင့် ငလျင်ဘေးသင့် တူရကီနဲ့ ဆီးရီးယား နိုင်ငံတွေမှာ ထိခိုက်ပျက်စီးမှုတွေ ထပ်မံ ဖြစ်ပွားခဲ့သလို လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ က ငလျင်ဟာ တူရကီ တောင်ပိုင်းက ဟာတေး ဒေသနားကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ တူရကီ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းတွေဟာ လွန်ခဲ့တဲ့ ၂ ပတ်က ရစ်ချ်တာစကေး ၇.၈ နဲ့ ၇.၄ အဆင့်ရှိ ငလျင်ကြီး နှစ်ခုရဲ့ဒဏ်ကို ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၄၅၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

အခုထပ်လှုပ်တဲ့ ငလျင်ကြောင့် အရင်ငလျင်တွေမှာ မပြိုခဲ့တဲ့ အဆောက်အအုံတချို့ ပြိုကျပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ငလျင်ဒဏ် ခံစားထားရတဲ့ နှစ်နိုင်ငံလုံးမှာ နောက်ထပ် ထိခိုက် သေပျောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ၆ ဦးထက်မနည်းသေပြီး ၃၀၀ လောက် ဒဏ်ရာ ရခဲ့ပါတယ်။

ငလျင်ရဲ့ဒဏ်ကို တူရကီပိုင် ဒက်ဖ်နီနဲ့ အန်တက်ခ်ယာ မြို့တွေမှာ အပြင်းထန်ဆုံး ထိခိုက် ခံစားခဲ့ရပြီး လက်ဘနွန် ပိုင်နက်ကနေတောင် သိရှိ ခံစားခဲ့ရပါတယ်။ အဲဒီ ငလျင်အပြီးမှာ ရစ်ချ်တာစကေး ၅.၈ နဲ့ ၅.၂ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်တွေပါ မိနစ်ပိုင်းလောက်ပဲ ခြားပြီး ဆက်တိုက် လှုပ်ခတ်ခဲ့တယ်လို့ တူရကီ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးရွားလှတဲ့ ငလျင်ကြီးတွေနဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကို လောလောလတ်လတ် ကြုံတွေ့ထားရတဲ့ ငလျင်ဘေးသင့် ဆီးရီးယားနဲ့ တူရကီ ပြည်သူတွေ အတွက်တော့ အခုလို ရက်ပိုင်းလောက်ပဲခြားပြီး ငလျင်ထပ်လှုပ်တာက အနည်မထိုင်သေးတဲ့ အိပ်မက်ဆိုးကို ပြန်နှိုးဆွသလို ဖြစ်လာပါတယ်။

ငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ပြည်သူ အတော်များများဟာ အိမ်တွေထဲမှာ မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ထွက်နေကြပြီး ညအိပ်ခဲ့ကြရတယ်လို့လည်း မျက်မြင်တွေက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။