Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ်မှာ မိုင်းတွင်းပြိုလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေတုန်း မြေပြိုမှုထပ်ဖြစ်

ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နောက်ထပ် မြေပြိုမှု ထပ်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

တရုတ်က မိုင်းတွင်း ပြိုကျမှု တစ်ခုမှာ ပိတ်မိနေသူ ၅၀ ကျော်ကို ကယ်တင်ဖို့ ကြိုးစားနေချိန် နောက်ထပ် မြေပြိုမှု တစ်ခုနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က အတွင်းမွန်ဂိုလီးယားမှာရှိတဲ့ ရှင်ကျင်း ကျောက်မီးသွေး တူးဖော်မှု ကုမ္ပဏီပိုင် မိုင်းတွင်းတစ်ခု ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီ ဖြစ်စဉ်မှာ အနည်းဆုံး ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့သလို ၅၃ ဦးလောက်က မြေအောက်မှာ ပိတ်မိပြီး ပျောက်ဆုံးနေဆဲလို့ အစိုးရ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နောက်ထပ် မြေပြိုမှု ထပ်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကတော့ လုံခြုံရေး အခြေအနေ စိတ်ချရပြီ ဆိုတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး ပြန်စတင်ဖို့ အမိန့်ပေးထားပါတယ်။ မြေပြိုမှုကြောင့် လုပ်ငန်းတွေ ရပ်ထားရပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

တရုတ်မှာ ကျောက်မီးသွေးနဲ့ သတ္တု တူးဖော်ရေး မိုင်းတွင်းတွေရဲ့ လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ဖို့ အာဏာပိုင်တွေက ဖိအားပေးနေပေမယ့် အခုလို မတော်တဆမှုတွေကတော့ မကြာခဏ ဖြစ်ပွားနေဆဲပါ။

အတွင်းမွန်ဂိုလီးယား ဒေသဟာ တရုတ်ရဲ့ ကျောက်မီးသွေး အဓိက တင်ပို့ထုတ်လုပ်တဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ အစိုးရက လောင်စာ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ပြီး စျေးနှုူန်း တည်ငြိမ်ရေး တောင်းဆိုမှုနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အတွင်း မွန်ဂိုလီးယားရဲ့ ကျောက်မီးသွေး တူးဖော် ထုတ်လုပ်မှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ကယ်ဆယ်ရေး အဖွဲ့ဝင် ၂၀၀ ကျော်လောက်ဟာ မြေပြိုမှု နောက်ဆက်တွဲ အခြေအနေတွေ စိတ်ချရအောင် စောင့်နေကြပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်း ပြန်စဖို့ ပြင်ဆင်နေပါတယ်။ တရုတ် ဝန်ကြီးချုပ် လီကီကျန်းက ကျောက်မီးသွေးတွင်း ပြိုကျမှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ၊ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။