Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ်က ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့မယ်လို့ တပ်အပ် ဟောကိန်း မထုတ်လိုကြောင်း ဘိုင်ဒန်ပြော

အစောပိုင်းတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ တရုတ် အနေနဲ့ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို စစ်လက်နက်တွေ အုံနဲ့ကျင်းနဲ့ ပေးပို့တာမျိုး မူဝါဒ အပြောင်းအလဲ တစ်ခုခု ကျင့်သုံးလာနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

တရုတ်က ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့ပေးလိမ့်မယ်လို့ တပ်အပ် ဟောကိန်းထုတ်မှာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အစောပိုင်းတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ တရုတ် အနေနဲ့ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို စစ်လက်နက်တွေ အုံနဲ့ကျင်းနဲ့ ပေးပို့တာမျိုး မူဝါဒ အပြောင်းအလဲ တစ်ခုခု ကျင့်သုံးလာနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

တရုတ်ဟာ စစ်ပွဲကာလ တစ်နှစ်လုံး ကြားနေဝါဒကို လက်ကိုင်ထားခဲ့ပေမယ့်လည်း မကြာခင်မှာ ရုရှားအတွက် စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပံ့ပိုးဖို့ စတင် စဉ်းစားနေပြီလို့ ဘလင်ကန်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဖက်ကတော့ ဘလင်ကန်ရဲ့ မှတ်ချက်ကို ချက်ချင်း ငြင်းဆိုခဲ့ပြီး အမေရိကန်ကသာ ဒီပဋိပက္ခမှာ လက်နက်တွေ ဝင်ထောက်ပံ့ပြီး မီးစာဖြည့်ပေးနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာ တစ်နှစ်တင်းတင်းပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ဘိုင်ဒန်က အမေရိကန် အစိုးရ အနေနဲ့ တရုတ်က ရုရှားကို လက်နက်တွေ ထောက်ပံ့မယ်လို့ သေချာပေါက် ခန့်မှန်း ဟောကိန်းထုတ်တာတော့ မဟုတ်ဘူးလို့ ဖြေရှင်းသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စကို အတိအကျ ကြိုမှန်းတာ မဟုတ်ကြောင်း၊ လက်ဆုပ်လက်ကိုင် သက်သေလည်း မရှိသေးကြောင်း၊ လိုရင်း အချက်ကတော့ တရုတ်ဟာ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့မယ်လို့ မူဝါဒ ပြောင်းလဲလာမယ်လို့ သူမခန့်မှန်းလိုကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

သူဟာ နွေရာသီတုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ချိန် ကတည်းက ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာကို သတိပေး ရှင်းပြထားပြီး ဖြစ်တယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

ဒီလို ကမ္ဘာသိ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်မယ်၊ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ထောက်ပံ့မယ်ဆိုရင် ကိုယ်တိုင်လည်း ရုရှားနဲ့ တူညီတဲ့ အကျိုးဆက်တွေ ကြုံလာနိုင်တယ်လို့ သူက ရှီကို ပြောကြားခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ တကယ်လို့ တရုတ်ကသာ စည်းကျော်ပြီး ရုရှားကို စစ်လက်နက်တွေ စတင် ထောက်ပံ့လာပြီ ဆိုတာနဲ့ အမေရိကန်က ချက်ချင်း တုံ့ပြန်မယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးပြီး နိုင်ငံ ၇ ခု စုစည်းထားတဲ့ G7 အဖွဲ့ရဲ့ ခေါင်းဆောင်တွေက ရုရှားကို ကိုယ်ထိလက်ရောက် ထဲထဲဝင်ဝင် ထောက်ပံ့တဲ့ ဘယ်နိုင်ငံမဆို ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ စစ်ပွဲ နှစ်ပတ်လည်နေ့မှာ သဘောထား ထုတ်ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။