Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောကို တရုတ် ကမ်းခြေစောင့် ရေယာဉ်က ပြင်းအားမြင့် လေဆာနဲ့ လှမ်းထိုး

လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ အချင်းချင်း အားပြင်းတဲ့ လေဆာအလင်းတန်းနဲ့ လှမ်းထိုးပြီး ရန်စခဲ့ကြောင်း ဖိလစ်ပိုင်က တရုတ်ကို ဝေဖန် စွပ်စွဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက တောင်တရုတ် ပင်လယ်ထဲက ဖြစ်စဉ်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်တစ်စီးက ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောကို စစ်သုံးအဆင့် လေဆာရောင်ခြည် အလင်းတန်းနဲ့ လှမ်းထိုးခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ထုတ်ပြတဲ့ ဓာတ်ပုံတွေအရ အဝေးမှာ ရှိနေတဲ့ ရေယာဉ်တစ်စီးကနေ တောက်ပတဲ့ အစိမ်းရောင် လေဆာမီးတန်းတစ်ခု ထွက်ပေါ်နေတာကို တွေ့ရပါတယ်။

လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၆ ရက်က အေယန်ဂျင် သန္တာကျွန်းနားမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေ ကြုံနေတဲ့ နိုင်ငံတွေ ဖြစ်ကြပြီး အေယန်ဂျင်ကျွန်း ဆက်စပ် ပါဝင်နေတဲ့ စပရတ်လေ ကျွန်းစု ပိုင်ဆိုင်မှု အတွက်လည်း အခြေအတင် ဖြစ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဖိလစ်ပိုင် ရေယာဉ်ဟာ ရီနိုင် ကျွန်းနားက အခွင့်မရှိဘဲ ဖြတ်သန်းခဲ့တာကြောင့် လိုအပ်သလို သတိပေး တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။ ရီနိုင် ဆိုတာက အေယန်ဂျင်ကျွန်းကို တရုတ်က ခေါ်ဝေါ်တဲ့ နာမည်ပါ။ တရုတ် ကမ်းခြေစောင့် ရဲတွေက နိုင်ငံရဲ့ ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လျော်ညီစွာပဲ လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဝမ်ဝန်ပင်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ တုံ့ပြန်ခဲ့သလဲ ဆိုတာကိုတော့ သူက အကျယ်တဝင့် ရှင်းမပြခဲ့ပါဘူး။

အရင်ကလည်း တရုတ် ရေယာဉ်တွေက ပြိုင်ဘက် ရေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေကို လေဆာရောင်ခြည်နဲ့ လှမ်းထိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ဖူးပါတယ်။ အနီးစပ်ဆုံး ဥပမာ တစ်ခုအနေနဲ့ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလက တရုတ် ရေတပ် စစ်သင်္ဘော တစ်စီးဟာ ဩစတြေးလျရဲ့ P-8A ရေတပ် ထောက်လှမ်းရေး လေယာဉ် တစ်စီးကို လေဆာနဲ့ လှမ်းထိုးခဲ့တယ်လို့ ဩစတြေးလျက စွပ်စွဲဖူးပါတယ်။ အဲဒီတုန်းကတော့ တရုတ်က ဩစတြေးလျရဲ့ စွပ်စွဲချက် မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။