Connect with us

Hi, what are you looking for?

ဗီဒီယို

ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောကို တရုတ် ကမ်းခြေစောင့် ရေယာဉ်က ပြင်းအားမြင့် လေဆာနဲ့ လှမ်းထိုး

လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ အချင်းချင်း အားပြင်းတဲ့ လေဆာအလင်းတန်းနဲ့ လှမ်းထိုးပြီး ရန်စခဲ့ကြောင်း ဖိလစ်ပိုင်က တရုတ်ကို ဝေဖန် စွပ်စွဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက တောင်တရုတ် ပင်လယ်ထဲက ဖြစ်စဉ်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်တစ်စီးက ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောကို စစ်သုံးအဆင့် လေဆာရောင်ခြည် အလင်းတန်းနဲ့ လှမ်းထိုးခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ထုတ်ပြတဲ့ ဓာတ်ပုံတွေအရ အဝေးမှာ ရှိနေတဲ့ ရေယာဉ်တစ်စီးကနေ တောက်ပတဲ့ အစိမ်းရောင် လေဆာမီးတန်းတစ်ခု ထွက်ပေါ်နေတာကို တွေ့ရပါတယ်။

လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၆ ရက်က အေယန်ဂျင် သန္တာကျွန်းနားမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေ ကြုံနေတဲ့ နိုင်ငံတွေ ဖြစ်ကြပြီး အေယန်ဂျင်ကျွန်း ဆက်စပ် ပါဝင်နေတဲ့ စပရတ်လေ ကျွန်းစု ပိုင်ဆိုင်မှု အတွက်လည်း အခြေအတင် ဖြစ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဖိလစ်ပိုင် ရေယာဉ်ဟာ ရီနိုင် ကျွန်းနားက အခွင့်မရှိဘဲ ဖြတ်သန်းခဲ့တာကြောင့် လိုအပ်သလို သတိပေး တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။ ရီနိုင် ဆိုတာက အေယန်ဂျင်ကျွန်းကို တရုတ်က ခေါ်ဝေါ်တဲ့ နာမည်ပါ။ တရုတ် ကမ်းခြေစောင့် ရဲတွေက နိုင်ငံရဲ့ ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လျော်ညီစွာပဲ လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဝမ်ဝန်ပင်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ တုံ့ပြန်ခဲ့သလဲ ဆိုတာကိုတော့ သူက အကျယ်တဝင့် ရှင်းမပြခဲ့ပါဘူး။

အရင်ကလည်း တရုတ် ရေယာဉ်တွေက ပြိုင်ဘက် ရေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေကို လေဆာရောင်ခြည်နဲ့ လှမ်းထိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ဖူးပါတယ်။ အနီးစပ်ဆုံး ဥပမာ တစ်ခုအနေနဲ့ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလက တရုတ် ရေတပ် စစ်သင်္ဘော တစ်စီးဟာ ဩစတြေးလျရဲ့ P-8A ရေတပ် ထောက်လှမ်းရေး လေယာဉ် တစ်စီးကို လေဆာနဲ့ လှမ်းထိုးခဲ့တယ်လို့ ဩစတြေးလျက စွပ်စွဲဖူးပါတယ်။ အဲဒီတုန်းကတော့ တရုတ်က ဩစတြေးလျရဲ့ စွပ်စွဲချက် မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။