နိုင်ငံတကာ ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။ LuduNwayOoဒီဇင်ဘာ 1, 2022
နိုင်ငံတကာ နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုကို သုံးဆမြှင့်တင်ဖို့ တရုတ် ကြိုးစားနေကြောင်း အမေရိကန်ပြော တရုတ်သာ ရှိရင်းစွဲ မြန်နှုန်းအတိုင်း ဆက်သွားနေရင် ၂၀၃၅ ခုနှစ်မှာ နျူကလီးယားဒုံးကျည် ထိပ်ဖူး အရေအတွက်က ၁၅၀၀ လောက် သေချာပေါက် ပိုင်ဆိုင်နေလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အစီရင်ခံစာထဲမှာ ကောက်နုတ် ဖော်ပြထားပါတယ်။ LuduNwayOoနိုဝင်ဘာ 30, 2022
နိုင်ငံတကာ Alibaba ထူထောင်သူ ဂျက်မား ဂျပန်နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြောင်း သတင်းထွက်ပေါ်လာ တရုတ် အာဏာပိုင်တွေက Alibabaရဲ့ အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းခွဲ Ant Groupဆီက ဒေါ်လာ ၃၄ ဘီလီယံဖိုး ရှယ်ယာတွေ ရောင်းချမယ့် ကိစ္စကိုလည်း ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ အဲဒီ ကိစ္စသာ အထမြောက်ခဲ့ရင် သမိုင်းတလျှောက် တန်ဖိုး အကြီးမားဆုံး ရှယ်ယာရောင်းချမှု ဖြစ်လာမှာပါ။ LuduNwayOoနိုဝင်ဘာ 30, 2022
နိုင်ငံတကာ မျောက်ကျောက်ရောဂါ နာမည်ကို တရားဝင် ပြောင်းလဲကြောင်း WHO ကြေညာ အဲဒီရောဂါဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ထပ်ဆင့် ကူးစက်နိုင်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်အများဆုံးလို့လည်း WHOရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။ LuduNwayOoနိုဝင်ဘာ 30, 2022
နိုင်ငံတကာ ယူကရိန်း ဆောင်းရာသီကို လက်နက်အဖြစ် အသုံးချဖို့ ရုရှား ပီပီပြင်ပြင် ကြံစည်လာကြောင်း NATO အကြီးအကဲဆို အရပ်ဖက် ပစ်မှတ်တွေကိုချည်း ဦးတည် တိုက်ခိုက်လာတယ် ဆိုကတည်းက ရုရှားဟာ သူတို့ အနေနဲ့ နယ်မြေတွေ ထပ်သိမ်းယူဖို့ မဖြစ်နိုင်တော့မှန်း နားလည်လို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန် နှေးသထက် နှေးအောင်သာ လုပ်ရတဲ့ သဘောမျိုး ဖြစ်နေကြောင်း စတိုလ်တန်ဘက်ဂ်က သုံးသပ်ပါတယ်။ LuduNwayOoနိုဝင်ဘာ 29, 2022
နိုင်ငံတကာ ၄၃ နှစ် ကြာမြင့်ပြီးတဲ့ အုပ်စိုးမှုကို ဆွဲဆန့်ဦးမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင် သမ္မတ အာဖရိက အလယ်ပိုင်းက ရေနံအထွက် ကြွယ်ဝတဲ့ နိုင်ငံကို အုပ်ချုပ်နေတာ ၄၃ နှစ် ကြာမြင့်ခဲ့ပြီးပါပြီ။ သူဟာ စစ်အာဏာသိမ်းမှု တစ်ခုကနေ ၁၉၇၉ ခုနှစ်မှာ အီကွေတိုရီရယ်လ် ဂီနီယာ အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 29, 2022
နိုင်ငံတကာ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေ တရုတ်က မြို့ကြီးတချို့ဆီ ကူးစက် ဆန္ဒပြသူတွေဟာ တရုတ်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ရှောင်လွှဲဖို့အတွက် ဘာစာသားမှ ရေးမထားတဲ့ စာရွက်ဖြူ အလွတ်တွေကို ကိုင်ဆောင်လာကြပါတယ်။ LuduNwayOoနိုဝင်ဘာ 28, 2022
နိုင်ငံတကာ အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်လွန်လာ နိုဝင်ဘာ ၂၅ ရက်က ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကွန်ကရစ်အလွှာ ၃ ခုအောက်မှာ ပိမိနေတဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အစွမ်းကုန် ကယ်ထုတ်ခဲ့ကြပေမယ့် ရုပ်အလောင်းသာ ပြန်ရခဲ့တာကြောင့် ရင်ကွဲခဲ့ကြရပါတယ်။ နောက်တစ်နေ့မှာတော့ အသေအပျောက် ကိန်းဂဏန်းက ၃၁၀ ထိ... LuduNwayOoနိုဝင်ဘာ 28, 2022
နိုင်ငံတကာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် အာဏာရပါတီ အကြီးအကဲ ရာထူးကို ထိုင်ဝမ်သမ္မတ စွန့်လွှတ် တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။ LuduNwayOoနိုဝင်ဘာ 27, 2022
နိုင်ငံတကာ ယူကရိန်း စစ်မြေပြင်ရောက် ရုရှား စစ်သားတွေရဲ့ မိခင်တွေကို ပူတင် တွေ့ဆုံအားပေး ပူတင်ကတော့ စစ်သည်တွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံချိန်မှာ သူတို့ရဲ့ သားတွေကို သူရဲကောင်းတွေ အနေနဲ့ ဂုဏ်ယူသင့်ကြောင်း ပြောခဲ့သလို တိုက်ပွဲကျသွားသူ တစ်ဦးရဲ့ မိခင်ကိုလည်း သူ့သားဟာ အချည်းနှီး အသက်ပေးသွားတာ မဟုတ်ဘူးလို့ နှစ်သိမ့်နေခဲ့တာ တွေ့ရပါတယ်။ LuduNwayOoနိုဝင်ဘာ 26, 2022