Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

အသက် ၅၉ နှစ်အရွယ် ဗီလာဗီဆန်စီယိုဟာ ရွေးကောက်ပွဲအကြို လူထုအမြင် စစ်တမ်းတွေမှာ အရမ်းအားကောင်းတဲ့ သမ္မတလောင်း တစ်ဦးမဟုတ်ဘဲ ထောက်ခံမှု ၇.၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ
ရွေးကောက်ပွဲဝင် အီကွေဒေါ သမ္မတလောင်းတစ်ဦး ပစ်ခတ်လုပ်ကြံခံရ

အီကွေဒေါ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် အမတ်တဦးဟာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက ကွင်တိုမြို့မှာ မဲဆွယ်စည်းရုံး လှုပ်ရှားမှု ပြုလုပ်နေတဲ့အချိန် ဖာနန်ဒို ဗီလာဗီဆန်စီယိုကို လုပ်ကြံမှု ဖြစ်ပွားခဲ့တာပါ။ ဗီလာဗီဆန်စီယိုဟာ ကားတစ်စီးဆီ အသွားမှာ လူအုပ်ထဲက လူတစ်ယောက် ရှေ့ထွက်လာပြီး ခေါင်းကို သေနတ်နဲ့ ချိန်ပစ်ခဲ့တာလို့ သူ့ရဲ့ မဲဆွယ်မှုတွေမှာ ကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

ဗီလာဗီဆန်စီယို သေဆုံးကြောင်း သတင်းကို လက်ရှိ သမ္မတ ဂွီလာမို လက်ဆိုက လူမှုကွန်ရက် မီဒီယာမှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။

မျက်မြင်တွေက သေနတ်သမားဟာ ဗီလာဗီဆန်စီယိုကို ၃ ချက် ပစ်ခတ်ခဲ့ပြီး လူအုပ်ကြားထဲ ရောနှောဝင်ရောက်ပြီး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ အီကွေဒေါရဲ့ ရွေးကောက်ပွဲ ပထမအဆင့်ကို ဩဂုတ် ၂၀ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်တဲ့ သမ္မတ လက်ဆိုက အခု လုပ်ကြံမှုကို အရမ်း ဒေါသထွက်မိကြောင်း ပြောကြားခဲ့ပြီး အပြစ်ရှိသူတိုင်းကို ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ဗီလာဗီဆန်စီယိုဟာ ရွေးကောက်ပွဲအကြို လူထုအမြင် စစ်တမ်းတွေမှာ အရမ်းအားကောင်းတဲ့ သမ္မတလောင်း တစ်ဦးမဟုတ်ဘဲ ထောက်ခံမှု ၇.၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရထားတယ်လို့ သိရပါတယ်။

အီကွေဒေါဟာ ရာဇဝတ်ဂိုဏ်းတွေက ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို ဆိုးဆိုးရွားရွား တွေ့ကြုံ ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သမ္မတ လက်ဆိုဟာ အခြေအနေ အကြမ်းတမ်းဆုံး ပြည်နယ် ၃ ခုမှာ ညမထွက်ရ အမိန့်တွေပါ ထုတ်ပြန်ထားရပါတယ်။

ဗီလာဗီဆန်စီယိုဟာ ဂျာနယ်လစ်ဟောင်း တစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတလျှောက် အဓိကထားခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကဏ္ဍကို ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ အသားပေးထားခဲ့ပါတယ်။ သူဟာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်နွှယ်တဲ့ ဒေသခံ ရာဇဝတ် ဂိုဏ်းခေါင်းဆောင် တစ်ဦးဆီက အသက်အန္တရာယ် ခြိမ်းခြောက် ရာဇသံပေးမှုကိုလည်း လောလောလတ်လတ် ကြုံတွေ့ထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။