Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မော်တော်ကား ပစ်ခတ်ခံရ

ဟစ်ဇ်ဘိုလာတွေရဲ့ ထရပ်ကားကို ပစ်မှတ်ထားခဲ့တဲ့ အဖွဲ့အစည်းကို တိတိကျကျ အတည်မပြုနိုင်သေးသလို ဝန်ကြီးရဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရမှုနဲ့ရော အဲဒီကိစ္စက ဆက်စပ်သလား ဆိုတာကို မသိရသေးပါဘူး။

လက်ဘနွန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မော်တော်ကား ပစ်ခတ်ခံရ
လက်ဘနွန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မော်တော်ကား ပစ်ခတ်ခံရ

လက်ဘနွန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မော်တော်ကားကို ပစ်ခတ် တိုက်ခိုက် ခံရပြီး ကျည်ဆန်တွေ ထိမှန်ခဲ့ကြောင်း သိရပါတယ်။

လက်ဘနွန် အစိုးရရဲ့ ယာယီ ကာကွယ်ရေးဝန်ကြီး မော်ရီဆလင်းမ်ဟာ ဩဂုတ် ၁၀ ရက်က ယာဉ်တန်းတခုမှာ ကိုယ့်ကားကိုယ်မောင်းပြီး လိုက်ပါလာရင်း ပစ်ခတ် ခံခဲ့ရတာပါ။ သူ့ကားကို ကျည်ဆန်နှစ်တောင့် ထိမှန်ခဲ့ကြောင်း ဝန်ကြီးက အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

သူဟာ ဘေရွတ်မြို့တော်နားက ဟက်ဇ်မီယာမြို့နယ် ဧရိယာကို ဖြတ်သန်းနေရင်း တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေကတော့ အဲဒီပစ်ခတ်မှုဟာ ကာကွယ်ရေး ဝန်ကြီးကို တမင်တကာ ပစ်မှတ်ထားခဲ့သလား ဆိုတာကို စုံစမ်း စစ်ဆေးနေဆဲလို့ ပြောပါတယ်။

လက်ဘနွန်မှာ အဓိက အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ ဆက်စပ်ပြီး မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ အခုလို ကိစ္စမျိုး ကြုံတွေ့လာတာပါ။

Public Service Announcement

Public Service Announcement

သီးခြားဖြစ်စဉ် အနေနဲ့ ဟက်ဇ်မီယာနားက ဂိုဘေရီ ဆင်ခြေဖုံး ရပ်ကွက်မှာပဲ အဲဒီနေ့က ဟစ်ဇ်ဘိုလာ စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးရဲ့ နာရေးကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်တွေ တင်ဆောင်လာတဲ့ ထရပ်ကားကို မောင်းနှင်လာရင်း ပစ်ခတ် ခံရလို့ ထရပ်ကား တိမ်းမှောက်ရာက သေဆုံးခဲ့တာပါ။ ထရပ်ကား တိမ်းမှောက်ပြီးတဲ့နောက် အဲဒီနေရာမှာ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားပြီး ဒေသခံ တစ်ဦးပါ အသက်ဆုံးရှုံးခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ ထရပ်ကားကို ပစ်မှတ်ထားခဲ့တဲ့ အဖွဲ့အစည်းကို တိတိကျကျ အတည်မပြုနိုင်သေးသလို ဝန်ကြီးရဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရမှုနဲ့ရော အဲဒီကိစ္စက ဆက်စပ်သလား ဆိုတာကို မသိရသေးပါဘူး။

ပဋိပက္ခ ပေါင်းစုံနဲ့ ယဉ်ပါးနေရတဲ့ နိုင်ငံငယ်လေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို ထောက်ခံတဲ့ ခရစ်ယာန် လက်နက်ကိုင် အဖွဲ့အစည်းတွေကြား တင်းတင်းမာမာ အားပြိုင်မှုတွေကိုပါ ကြုံနေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်နေမှုတွေကို ရပ်ဖို့ ပြည်တွင်းအခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့က သဘောတူ လက်ခံခဲ့ကြောင်း လက်ဘနွန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲက ရှေးဟောင်း သမိုင်းဝင် ရဲတိုက်ကြီး တစ်ခုကို အစ္စရေး တပ်တွေက ထိန်းချုပ် သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

အပစ်ရပ် ကာလကို နောက်ထပ် ၄၅ ရက် ထပ်တိုးဖို့ အစ္စရေးနဲ့ လက်ဘနွန်ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။