Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ဆီဆိုင်ပေါက်ကွဲပြီး လူဒါဇင်နဲ့ချီသေဆုံး

ဒါဂျီစတန်ဟာ ရုရှားရဲ့ ပြည်နယ် ၈၃ ခုထဲက တောင်ဖက်စွန်း အကျဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး မြို့တော် မက်ဟက်ချ်ကာလာက မော်စကိုနဲ့ ကီလိုမီတာပေါင်း ၁၆၀၀ လောက် အကွာမှာ တည်ရှိနေပါတယ်။

ရုရှားမှာ ဓာတ်ဆီဆိုင်ပေါက်ကွဲပြီး လူဒါဇင်နဲ့ချီသေဆုံး
ရုရှားမှာ ဓာတ်ဆီဆိုင်ပေါက်ကွဲပြီး လူဒါဇင်နဲ့ချီသေဆုံး

ရုရှားနိုင်ငံက ဓာတ်ဆီဆိုင် တစ်ခုမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှားတောင်ပိုင်းက ဒါဂျီစတန် ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ကက်စ်ပီယန် ပင်လယ် ကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ မက်ဟက်ချ်ကာလာ မြို့ထဲမှာ ဩဂုတ် ၁၄ ရက် ညဉ့်နက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဆီဆိုင် ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး တချို့မီဒီယာတွေမှာတော့ အသေအပျောက်ဦးရေ ၂၅ ဦး အနည်းဆုံး ရှိတယ်လို့ ဖော်ပြနေပါတယ်။ နောက်ပြီး ဒဏ်ရာရသူ အရေအတွက်ကလည်း ၆၆ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ပတ်ဝန်းကျင် ဧရိယာတွေထိ အကြီးအကျယ် မီးကူးစက် လောင်ကျွမ်းစေခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတော့ ညပိုင်း တောက်လောင်နေတဲ့ မီးတွေနဲ့ အခင်းဖြစ်ရာ နေရာဆီ ရောက်နေတဲ့ မီးသတ်ကား တော်တော်များများကို တွေ့နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မီးငြှိမ်းဖို့နဲ့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ လူအင်အား ၃၀၀ နီးပါးလောက် ဖြန့်ကျက်ခဲ့ရပြီး ဒဏ်ရာ အခြေအနေ အရမ်း ဆိုးရွားသူတွေကို မော်စကို မြို့တော် ဆေးရုံတွေဆီ လေယာဉ်နဲ့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

ရုရှားရဲ့ Interfax သတင်းဌာနက သေဆုံးသူတွေထဲမှာ အနည်းဆုံး ၃ ဦးလောက်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ မီးဟာ စတုရန်းမီတာ ၆၀၀ လောက် အကျယ်အဝန်းကို ပြာကျပျက်စီးစေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်တဲ့ အလားအလာ ရှိနေတာကြောင့်လည်း အနီးတဝိုက် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။

ဒါဂျီစတန်ဟာ ရုရှားရဲ့ ပြည်နယ် ၈၃ ခုထဲက တောင်ဖက်စွန်း အကျဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး မြို့တော် မက်ဟက်ချ်ကာလာက မော်စကိုနဲ့ ကီလိုမီတာပေါင်း ၁၆၀၀ လောက် အကွာမှာ တည်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။