Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးကို ကင်မ်ဂျုံအန်း ထုတ်ပယ်၊ စစ်ပွဲအတွက် အသင့်ဖြစ်နေဖို့ ညွှန်ကြား

ခေါင်းဆောင်ကြီး ကင်မ်က မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်နိုင်စွမ်း၊ စစ်ရေးလေ့ကျင့်မှု စွမ်းရည်တွေ အားလုံးကို မြှင့်တင်ဖို့ လမ်းညွှန်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးကို ကင်မ်ဂျုံအန်း ထုတ်ပယ်၊ စစ်ပွဲအတွက် အသင့်ဖြစ်နေဖို့ ညွှန်ကြား
ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးကို ကင်မ်ဂျုံအန်း ထုတ်ပယ်၊ စစ်ပွဲအတွက် အသင့်ဖြစ်နေဖို့ ညွှန်ကြား

ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပြီး စစ်တပ်ကိုလည်း စစ်ပွဲတွေ ဖြစ်ပွားနိုင်ခြေအတွက် ဖိဖိစီးစီး ကြိုတင် ပြင်ဆင်ထားဖို့ အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

ခေါင်းဆောင်ကြီး ကင်မ်က မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်နိုင်စွမ်း၊ စစ်ရေးလေ့ကျင့်မှု စွမ်းရည်တွေ အားလုံးကို မြှင့်တင်ဖို့ လမ်းညွှန်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံရဲ့ ရန်သူတွေကို တန်ပြန် တွန်းလှန်မယ့် စစ်ရေး အစီအမံတွေအကြောင်း အာဏာရ အလုပ်သမားပါတီရဲ့ ဗဟို စစ်ရေး ကော်မရှင်မှာ ဆွေးနွေးရင်း ကင်မ်က အခုလို အမိန့်ပေး ညွှန်ကြားသွားတာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်သူတွေဆိုတာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ရည်ညွှန်းတာ ဖြစ်ဖွယ်ရှိပေမယ့် KCNAကတော့ နာမည်တွေတပ်ပြီး မဖော်ပြခဲ့ပါတယ်။

နောက်ပြီး ကင်မ်ဟာ မြောက်ကိုရီးယား စစ်တပ်ရဲ့ ဦးစီးဗိုလ်ချုပ် ပက်ခ်ဆုအီလ်ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့ကြောင်း KCNAက အတည်ပြုသွားပါတယ်။ ဒါပေမဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ဖော်ပြမသွားပါဘူး။ ပက်ခ်ဟာ အဲဒီရာထူးကို လက်ခံရရှိထားတာ ၇ လသာ ကြာမြင့်ပါသေးတယ်။

Public Service Announcement

Public Service Announcement

ပက်ခ်ရဲ့ နေရာကို ကာကွယ်ရေး ဝန်ကြီးဟောင်းနဲ့ သမားရိုးကျ တိုက်ခိုက်ရေး တပ်တွေရဲ့ အကြီးအကဲဟောင်းဖြစ်သူ ရီယောင်ဂျီလ်နဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ ရီဟာ ၂၀၁၆ ခုနှစ်မှာ အဲဒီရာထူးတွေကနေ ဖယ်ရှားခံရပြီး လူမြင်ကွင်းကနေ ကာလရှည်ကြာ ပျောက်ဆုံးသွားတဲ့နောက် သူ့ကို ကွပ်မျက်လိုက်ပြီဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ လပိုင်းလောက် အကြာမှာ ရီက ပြန်လည် ထွက်ပေါ်လာပြီး အစိုးရ အဖွဲ့ထဲမှာ ကွဲပြားတဲ့ တခြား ထိပ်တန်း ရာထူးတစ်ခုအတွက် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ကင်မ်ဟာ နိုင်ငံရဲ့ လက်နက် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့လည်း ရည်မှန်းချက် သတ်မှတ်ပေးခဲ့ကြောင်း KCNAက ဆိုပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ သူဟာ နိုင်ငံအနှံ့က လက်နက် စက်ရုံတွေဆီ သွားရောက် စစ်ဆေးခဲ့ပြီး ဒုံးကျည် အင်ဂျင်တွေ၊ လက်နက်ကြီးနဲ့ တခြား စစ်ဘက် ယန္တရားတွေ ပိုမို ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

Facebook