Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောမီး အပြင်းအထန် လောင်ကျွမ်းနေတဲ့ ဟာဝိုင်ယီမှာ အရေးပေါ် အခြေအနေ ဘိုင်ဒန်ကြေညာ

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

တောမီး အပြင်းအထန် လောင်ကျွမ်းနေတဲ့ ဟာဝိုင်ယီမှာ အရေးပေါ် အခြေအနေ ဘိုင်ဒန်ကြေညာ
တောမီး အပြင်းအထန် လောင်ကျွမ်းနေတဲ့ ဟာဝိုင်ယီမှာ အရေးပေါ် အခြေအနေ ဘိုင်ဒန်ကြေညာ

ဟာဝိုင်ယီကျွန်းစုမှာ ဆိုးဆိုးရွားရွား တောမီးကူးစက် လောင်ကျွမ်းမှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ပြန်ခဲ့ပါတယ်။

ဟာဝိုင်ယီမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် တောမီး ကူးစက်မှုတွေ အရှိန်ပိုကောင်းစေပြီး အခုဆိုရင် မာဝီကျွန်းပေါ်က လူနေ ဧရိယာတွေကိုပါ တောမီးဒဏ်ကို ခံစားနေရပြီ ဖြစ်ပါတယ်။ တောမီးကြောင့် လူသေမှုကလည်း နာရီတိုင်းလိုလို မြင့်တက်လာပြီး အခုဆိုရင် အသေအပျောက် ၅၃ ဦးထက်မနည်း ရှိလာပါပြီ။

အပန်းဖြေ ကမ်းခြေတွေကြောင့် ထင်ရှားတဲ့ ဟာဝိုင်ယီမှာ မာဝီဟာ လူသိအများဆုံး ကျွန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ အခုတော့ မာဝီမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ရတဲ့အပြင် ဒေသခံတွေကို အစုလိုက် ပြောင်းရွှေ့မှု လုပ်ငန်းတွေလည်း စတင်နေရပါပြီ။ မာဝီကျွန်းပေါ်က သမိုင်းဝင် လာဟိုင်နာ မြို့မှာလည်း မြို့ခံတွေအပြင် လာရောက် အပန်းဖြေသူတွေကိုပါ ထောင်နဲ့ချီ စုဝေးပြီး ပြောင်းရွှေ့စေခဲ့ရပါတယ်။

ပူပြင်းတဲ့ ရာသီဥတုနဲ့ လေပြင်းတွေ ပေါင်းစည်းသွားတဲ့အခါ တောမီးဟာ ထိန်းချုပ်ရခက်တဲ့ အခြေအနေမျိုးထိ ရောက်သွားပါတယ်။ တောမီးတွေဟာ မာဝီကျွန်းအပြင် ဟာဝိုင်ယီရဲ့ အဓိက ကျွန်းမကြီးမှာပါ နေရာပေါင်း ၆ ခုထိ ပျံ့နှံ့ကူးစက် လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လာဟိုင်နာမြို့နားက တောမီးကိုတော့ ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ် ငြှိမ်းသတ်ထားနိုင်ပြီး ဖြစ်ပေမယ့် မီးသတ် တပ်ဖွဲ့တွေ အတွက်တော့ စိတ်မအေးနိုင်သေးဘဲ နောက်ထပ် တောမီးတွေကို အာရုံစိုက်ကြရဦးမှာ ဖြစ်ပါတယ်။

အိမ်ဖြူတော်က တောမီးကြောင့် ထိခိုက်သက်ရောက်သူတွေအတွက် ယာယီ နေရာထိုင်ခင်းတွေနဲ့ ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ထောက်ပံ့ငွေတွေ ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဘိုင်ဒန်က ဟာဝိုင်ယီ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ်ဂရင်းဆီ ကိုယ်တိုင် ဖုန်းဆက်ပြီး မီးဘေးသင့် ပြည်သူတွေအတွက် စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့နောက် ဟာဝိုင်ယီက မီးဘေးသင့် ဒေသတွေအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ အသင့် ရှိနေအောင် ကြိုးစား ထောက်ပံ့ပေးမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ တောမီး ခြိမ်းခြောက်မှု ခံနေရတဲ့ နေရာတွေက ဒေသခံ ထောင်ပေါင်း အတော်များများနဲ့ ကမ္ဘာလှည့်ခရီးသည် ၁၁၄၀၀ ကျော်ကို ဟာဝိုင်ယီမှာရှိတဲ့ တခြားကျွန်းစုတွေဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေရာကို ကာမာလာ ဟားရစ်နဲ့ အစားထိုး ယှဉ်ပြိုင်စေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဆုံးဖြတ်ချက် မှားခဲ့တယ်လို့ သူယူဆကြောင်း ဟောလိဝုဒ် နာမည်ကျော်မင်းသား ဂျော့ဂျ်ကလူနီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်သမ္မတ ကတော်မယ်လာနီယာထရမ့်ကသမ္မတဟောင်းဘိုင်ဒန်ရဲ့ သားဖြစ်သူကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၃၁ရက် မနေ့က အရေးပေါ်အခြေအနေရုတ်သိမ်းခဲ့ပေမယ့် လက်ရှိအခြေအနေမှာ တိုးတက်မှု အရိပ်အယောင်မပြနိုင်သေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ အရမ်းဆိုးရွား ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာ ခံစားနေရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။