Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော

စစ်တပ် အာဏာသိမ်းမှုဆိုတာ ထပ်မရှိသင့်တော့ကြောင်း၊ အမှန်ဆိုရင် အာဏာသိမ်းတယ်ဆိုတဲ့ စကားတောင်မှာ အဘိဓာန်ထဲကနေ ပယ်ဖျက်သင့်တယ်လို့ သူယုံကြည်ကြောင်း နာရွန်ပန်က ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော
ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော

ရွေးကောက်ပွဲရလဒ် ဘယ်လို ထွက်ပေါ်သည်ဖြစ်စေ၊ အာဏာသိမ်းမှာ မဟုတ်ဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အခု သီတင်းပတ်ကုန် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ အသီးသီးက အစွမ်းကုန် မဲဆွယ် စည်းရုံး ပြင်ဆင်နေကြချိန်မှာ ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျီကော်သီက အခုလို ကတိပေးခဲ့တာပါ။ ထိုင်းစစ်တပ်ဟာ အရင်က နိုင်ငံရေးမှာ မကြာခဏ စွက်ဖက်ပြီး အကြိမ်ကြိမ် အာဏာသိမ်းခဲ့ဖူးပါတယ်။

နောက်ဆုံးအကြိမ် အာဏာသိမ်းခဲ့တာက ၂၀၁၄ တုန်းကဖြစ်ပြီး အဲဒီတုန်းက အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ပယာရွတ်သ် ချန်အိုချာဟာ လောလောဆယ် ထိုင်းဝန်ကြီးချုပ် ဖြစ်နေပါတယ်။ တကယ်လို့ ချန်အိုချာဖြစ်စေ၊ ထိုင်းစစ်တပ် ဒုတိယ အကြီးအကဲဟောင်း ပယာဝစ် ဝမ်ဆူဝန်တို့ဟာ ရွေးကောက်ပွဲမှာ ရလဒ်ဆိုးဆိုးရွားရွားနဲ့ ရှုံးနိမ့်သွားပြီး အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံခဲ့ရင် ထိုင်းစစ်တပ်က နောက်တကြိမ် အာဏာသိမ်းမယ့် အလားအလာ ရှိနေကြောင်း ခန့်မှန်းမှုတွေလည်း ပျံ့နှံ့နေပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နာရွန်ပန်က ရွေးကောက်ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ထိုင်းနိုင်ငံကို စစ်တပ် အုပ်ချုပ်မှုအောက် ပြန်မရောက်စေရဘူးလို့ အာမခံသွားခဲ့ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကာလမှာ အတိတ်က အာဏာသိမ်းမှုတွေအကြောင်း ပြန်ပြောနေတာကိုက အနုတ်လက္ခဏာဆန်ပြီး မကောင်းမြင်လွန်းရာ ရောက်နေတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အာဏာသိမ်းမှုဆိုတာ ထပ်မရှိသင့်တော့ကြောင်း၊ အမှန်ဆိုရင် အာဏာသိမ်းတယ်ဆိုတဲ့ စကားတောင်မှာ အဘိဓာန်ထဲကနေ ပယ်ဖျက်သင့်တယ်လို့ သူယုံကြည်ကြောင်း နာရွန်ပန်က ဆိုပါတယ်။

အခုနှစ် ထိုင်းရွေးကောက်ပွဲဟာ ပယာရွတ်သ်လို စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ရှိသူတွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ ဘုရင်စနစ်ကို လိုလားသူတွေက တစ်ဖက်၊ ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတွေကို ငံ့လင့်နေတဲ့ မျိုးဆက်သစ် လူငယ်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ တစ်ဖက် အားပြိုင်ကြမယ့် အာဏာလွန်ဆွဲပွဲအဖြစ် လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook