Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော

စစ်တပ် အာဏာသိမ်းမှုဆိုတာ ထပ်မရှိသင့်တော့ကြောင်း၊ အမှန်ဆိုရင် အာဏာသိမ်းတယ်ဆိုတဲ့ စကားတောင်မှာ အဘိဓာန်ထဲကနေ ပယ်ဖျက်သင့်တယ်လို့ သူယုံကြည်ကြောင်း နာရွန်ပန်က ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော
ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အာဏာမသိမ်းဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲပြော

ရွေးကောက်ပွဲရလဒ် ဘယ်လို ထွက်ပေါ်သည်ဖြစ်စေ၊ အာဏာသိမ်းမှာ မဟုတ်ဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အခု သီတင်းပတ်ကုန် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ အသီးသီးက အစွမ်းကုန် မဲဆွယ် စည်းရုံး ပြင်ဆင်နေကြချိန်မှာ ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျီကော်သီက အခုလို ကတိပေးခဲ့တာပါ။ ထိုင်းစစ်တပ်ဟာ အရင်က နိုင်ငံရေးမှာ မကြာခဏ စွက်ဖက်ပြီး အကြိမ်ကြိမ် အာဏာသိမ်းခဲ့ဖူးပါတယ်။

နောက်ဆုံးအကြိမ် အာဏာသိမ်းခဲ့တာက ၂၀၁၄ တုန်းကဖြစ်ပြီး အဲဒီတုန်းက အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ပယာရွတ်သ် ချန်အိုချာဟာ လောလောဆယ် ထိုင်းဝန်ကြီးချုပ် ဖြစ်နေပါတယ်။ တကယ်လို့ ချန်အိုချာဖြစ်စေ၊ ထိုင်းစစ်တပ် ဒုတိယ အကြီးအကဲဟောင်း ပယာဝစ် ဝမ်ဆူဝန်တို့ဟာ ရွေးကောက်ပွဲမှာ ရလဒ်ဆိုးဆိုးရွားရွားနဲ့ ရှုံးနိမ့်သွားပြီး အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံခဲ့ရင် ထိုင်းစစ်တပ်က နောက်တကြိမ် အာဏာသိမ်းမယ့် အလားအလာ ရှိနေကြောင်း ခန့်မှန်းမှုတွေလည်း ပျံ့နှံ့နေပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နာရွန်ပန်က ရွေးကောက်ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ထိုင်းနိုင်ငံကို စစ်တပ် အုပ်ချုပ်မှုအောက် ပြန်မရောက်စေရဘူးလို့ အာမခံသွားခဲ့ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကာလမှာ အတိတ်က အာဏာသိမ်းမှုတွေအကြောင်း ပြန်ပြောနေတာကိုက အနုတ်လက္ခဏာဆန်ပြီး မကောင်းမြင်လွန်းရာ ရောက်နေတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အာဏာသိမ်းမှုဆိုတာ ထပ်မရှိသင့်တော့ကြောင်း၊ အမှန်ဆိုရင် အာဏာသိမ်းတယ်ဆိုတဲ့ စကားတောင်မှာ အဘိဓာန်ထဲကနေ ပယ်ဖျက်သင့်တယ်လို့ သူယုံကြည်ကြောင်း နာရွန်ပန်က ဆိုပါတယ်။

အခုနှစ် ထိုင်းရွေးကောက်ပွဲဟာ ပယာရွတ်သ်လို စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ရှိသူတွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ ဘုရင်စနစ်ကို လိုလားသူတွေက တစ်ဖက်၊ ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတွေကို ငံ့လင့်နေတဲ့ မျိုးဆက်သစ် လူငယ်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ တစ်ဖက် အားပြိုင်ကြမယ့် အာဏာလွန်ဆွဲပွဲအဖြစ် လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

သတင်း

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သတင်း

ခွန်စိုင်ယန်တိုက်ပွဲအဖမ်းခံရသည့် KIAအရာရှိကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဆေးကုသပေးဟန် ဝါဒဖြန့်ပြီး သတ်ဖြတ်