Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ ကနဦး ရလဒ်တွေက လက်ရှိ ဝန်ကြီးချုပ် အခြေအနေ မကောင်းကြောင်း ညွှန်ပြနေ

မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲရဲ့ မဲရုံတွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပိတ်သိမ်းခဲ့ပြီး မဲပေးခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း အများစု မဲပေးခဲ့ကြကြောင်း သိရပါတယ်။ အခု ရွေးကောက်ပွဲဟာ စစ်တပ်က အားပေး ထောက်ခံတဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေနဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ဒီမိုကရေစီ အင်အားစုတွေကြား အကြိတ်အနယ် အားပြိုင်မှုလို့လည်း ယူဆနိုင်ပါတယ်။

ထိုင်းရွေးကောက်ပွဲ ကနဦး ရလဒ်တွေက လက်ရှိ ဝန်ကြီးချုပ် အခြေအနေ မကောင်းကြောင်း ညွှန်ပြနေ
ထိုင်းရွေးကောက်ပွဲ ကနဦး ရလဒ်တွေက လက်ရှိ ဝန်ကြီးချုပ် အခြေအနေ မကောင်းကြောင်း ညွှန်ပြနေ

ထိုင်းရွေးကောက်ပွဲရဲ့ ကနဦး မဲရလဒ်မှာ လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက အလားအလာ မကောင်းဘဲ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက အတော်လေး အသာစီး ရနေတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲရဲ့ မဲရုံတွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပိတ်သိမ်းခဲ့ပြီး မဲပေးခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း အများစု မဲပေးခဲ့ကြကြောင်း သိရပါတယ်။ အခု ရွေးကောက်ပွဲဟာ စစ်တပ်က အားပေး ထောက်ခံတဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေနဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ဒီမိုကရေစီ အင်အားစုတွေကြား အကြိတ်အနယ် အားပြိုင်မှုလို့လည်း ယူဆနိုင်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ကနဦး မဲရလဒ်တွေ မထုတ်ပြန်ခင် အခြေအနေတွေထိ အခြေအနေတွေအရ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာ ဦးဆောင်တဲ့ ဖျူထိုင်းပါတီနဲ့ တခြား ဒီမိုကရေစီ အင်အားစု တစ်ခုဖြစ်တဲ့ မုဗ်ဖော်ဝပ် ပါတီတို့က ပြတ်ပြတ်သားသား ဦးဆောင်နေကြပါတယ်။ အဲဒီ ပါတီနှစ်ခုဟာ မဟာမိတ်တွေအဖြစ် ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းလာဖွယ် ရှိတယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။

ထိုင်းရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာတွေအတွက် ဦးတည် ယှဉ်ပြိုင်ရတာဖြစ်ပြီး အထက်လွှတ်တော်မှာ ရှိရင်းစွဲ အမတ်တွေနဲ့ ပူးပေါင်းပြီး ဝန်ကြီးချုပ်သစ်ကို ရွေးချယ်စေမှာပါ။ ဒါပေမဲ့ အထက်လွှတ်တော်မှာ ပယာရွတ်သ် ခန့်အပ်ထားတဲ့ အမတ်တွေက အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ပယာရွတ်သ်ကို အမာခံ ထောက်ခံမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ဒီမိုကရေစီ မဟာမိတ် အင်အားစုတွေ အနေနဲ့ အောက်လွှတ်တော် အမတ်နေရာတွေ အများအပြား သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရဖို့ လိုနေပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲဟောင်းဖြစ်သူ ပယာရွတ်သ်ဟာ ရွေးကောက်ပွဲအတွက် ရည်မှန်းချက်ကြီးကြီး ပြင်ဆင်ခဲ့ပေမယ့် အခြေအနေက ထင်ထားသလောက် မကောင်းနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ ပါတီအလိုက် အောက်လွှတ်တော်အမတ် နေရာ ဘယ်လောက်စီ ရသလဲ ဆိုတာကို တရားဝင် အတည်ပြုဖို့ကတော့ သီတင်းပတ် တချို့ထိ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ပေတွန်တန်ကတော့ ဒီနေ့ဟာ နေ့ကောင်းရက်သာ တစ်ခုဖြစ်နိုင်ပြီး သူကိုယ်တိုင်လည်း အပေါင်းလက္ခဏာဆန်တဲ့ စွမ်းအင်တွေ စီးဝင်နေသလို ခံစားမိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မီးဖွားထားပြီး နိုင်ငံရေးအတွက် အာရုံပြန်စိုက်နေတာပါ။

ရွေးကောက်ပွဲရဲ့ အစောပိုင်း အရိပ်အယောင်တွေအရ ဒီမိုကရေစီ အင်အားစုတွေ၊ အပြောင်းအလဲကို လိုလားတဲ့ လူငယ် မျိုးဆက်သစ်တွေက ပျော်ရွှင် အားတက်နေပေမယ့် တစ်ဖက်မှာလည်း ထိုင်းစစ်တပ်က အာဏာထပ်သိမ်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ထိုင်းစစ်တပ်က နောက်ထပ် အာဏာသိမ်းမှုမျိုး ဖြစ်မလာစေရဘူးလို့ ကတိပြုထားပေမယ့် နိုင်ငံ သမိုင်းမှာ အာဏာသိမ်းမှုတွေ အပါအဝင် စစ်တပ်ရဲ့ အကြိမ်ကြိမ် ဝင်ရောက် ခြယ်လှယ်မှုတွေ ရှိခဲ့တာကြောင့် အပြည့်အဝ စိတ်ချလို့ မရသေးဘူးလို့ ထိုင်းနိုင်ငံရေး အကဲခတ်တွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။