Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှေ့တန်းရောက် ရုရှားစစ်သားတွေ ထွက်ပြေးကုန်တယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲ အတည်ပြု

မေလ ၉ ရက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကြီးကို ဂုဏ်ယူစွာနဲ့ ဦးစီးနေတဲ့ အချိန်မှာ ပရီဂေါ့ဇင်က ရှေ့တန်းရောက် ရုရှားတပ်ဖွဲ့ဝင် အများအပြားဟာ သူတို့တာဝန်ကျတဲ့ နေရာတွေကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြတယ်လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ရှေ့တန်းရောက် ရုရှားစစ်သားတွေ ထွက်ပြေးကုန်တယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲ အတည်ပြု
ရှေ့တန်းရောက် ရုရှားစစ်သားတွေ ထွက်ပြေးကုန်တယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲ အတည်ပြု

ရှေ့တန်းရောက် ရုရှားတပ်သားတွေ ထွက်ပြေးကုန်ကြတယ်ဆိုတဲ့ သတင်းတွေကို ရုရှားကြေးစားတပ်ဖွဲ့ Wagnerရဲ့ အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

တကယ်လို့ Wagnerအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ၊ အထူးသဖြင့် လက်နက်ကြီး ကျည်ဆန်တွေကို ရုရှားစစ်တပ်က မပေးပို့ဘူးဆိုရင် စစ်မြေပြင်က နောက်ထပ် သတင်းအချက်အလက် အသစ်တွေကို ဖော်ကောင် လုပ်ဦးမယ်လို့ Wagner အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Wagnerဟာ ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို သိမ်းယူနိုင်ရေး ရုရှားရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို အဓိက ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ရုရှားက လက်နက်ကြီးကျည်တွေ လုံလုံလောက်လောက် ဖြည့်တင်းမပေးနိုင်တာကြောင့် Wagner အဖွဲ့သားတွေ အသေအပျောက် များခဲ့တဲ့နောက် ရုရှားစစ်ဗိုလ်ချုပ်တွေနဲ့ ပရီဂေါ့ဇင်ကြား အက်ကြောင်းတွေ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်နေပါတယ်။

အစောပိုင်းမှာ ပရီဂေါ့ဇင်က တကယ်လို့ လက်နက်ကြီး ကျည်ဆန်တွေ မရတော့တာ သေချာရင် သူ့တပ်ဖွဲ့ဝင်တွေကို ဘက်ခ်မတ် စစ်မြေပြင်ကနေ ဆုတ်ခွာခိုင်းတော့မယ်လို့ အကျပ်ကိုင်ခဲ့ပါသေးတယ်။ ရုရှားစစ်တပ်က လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဘက်ခ်မတ် စစ်ပွဲမှာ Wagner တပ်ဖွဲ့ဟာ တကယ်တမ်း ဖြစ်သင့်တာထက် အသေအပျောက် ၅ ဆလောက် ကြုံခဲ့တယ်လို့လည်း ပရီဂေါ့ဇင်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၉ ရက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကြီးကို ဂုဏ်ယူစွာနဲ့ ဦးစီးနေတဲ့ အချိန်မှာ ပရီဂေါ့ဇင်က ရှေ့တန်းရောက် ရုရှားတပ်ဖွဲ့ဝင် အများအပြားဟာ သူတို့တာဝန်ကျတဲ့ နေရာတွေကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြတယ်လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

သူက သမ္မတ ပူတင်အနေနဲ့ အနီးကပ် အကြံပေး ရုရှားဗိုလ်ချုပ်တွေ ပြောသမျှ ယုံမနေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ လောလောလတ်လတ်မှာတင် ဘက်ခ်မတ်မှာ Wagnerတွေနဲ့ အတူတွဲပြီး တိုက်ခိုက်နေတဲ့ ရုရှား တပ်ရင်းတခုက စစ်သား အများအပြားဟာ တာဝန်ကျတဲ့ နေရာတွေကို စွန့်ခွာပြီး ထွက်ပြေးကုန်တယ်လို့ ပရီဂေါ့ဇင်က ဆိုပါတယ်။

အဲဒီလိုမျိုး တာဝန်မဲ့ ထွက်ပြေးကုန်တဲ့အတွက် ရှေ့တန်းမှာ ၂ ကီလိုမီတာ ရှည်ပြီး မီတာ ၅၀၀ ကျယ်တဲ့ စစ်ဆင်ရေးဇုန် ဟာကွက်ကြီး ဖြစ်ကျန်နေစေတယ်လို့လည်း သူက ပြောပါတယ်။

သူက ရုရှားစစ်သားတွေ တပ်ကို စွန့်ပြီး ထွက်ပြေးကုန်တာကို တစ်ဖက်သတ် အပြစ်မပြောသင့်ကြောင်း၊ စစ်သားတွေဟာ ခေါင်းဆောင်တွေ ရူးမိုက်လို့ အလဟဿ အသေခံရတယ် ဆိုတာမျိုး လုံးဝ မဖြစ်သင့်ကြောင်းလည်း ဝေဖန်သွားပါတယ်။

သူက ရုရှား စစ်ဗိုလ်ချုပ်တွေဟာ ရှေ့တန်းရောက် Wagner အဖွဲ့သားတွေအတွက် ခဲယမ်းမီးကျောက်တွေ ဖြည့်တင်း ပို့ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ပေမယ့် တကယ်တမ်းမှာ လုံးဝ ကတိမတည်ခဲ့ဘူးလို့လည်း ပရီဂေါ့ဇင်က ဆိုပါတယ်။ သူဟာ သမ္မတ ပူတင်ရဲ့ အနီးကပ်ဆုံး မဟာမိတ် တစ်ဦးဖြစ်ပေမယ့် ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူ အပါအဝင် ရုရှား စစ်ဗိုလ်ချုပ်တွေက သူနဲ့ ပူတင်ကြားမှာ ခလောက်ဆန်ဖို့ ကြိုးစားနေကြောင်းလည်း စွပ်စွဲပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။