Connect with us

Hi, what are you looking for?

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

​နေ့အိပ်မက်​တွေက ​ခြောက်​သွေ့ပြီး ညအိပ်မက်​တွေဟာ ရှည်လျားလွန်းတယ်

ဝတ္ထုတို

သူတို့အရက်ဝိုင်းကို သတိထားမိတာက ဟင်္သာတထွန်းရင်၊ လွှမ်းမိုး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့်ဆိုနေတတ်တဲ့ အဲ့ဒီကောင်ကြောင့်ပဲ။ ဘာဓာတ်လဲတော့မသိဘူးဗျာ ဒီဘက် ကျနော်တို့တပ်စိတ်ရဲ့အရက်ဝိုင်းကနေကြားရင် အကုန်လုံးဆူညံသံတိတ်ပြီး နားထောင်မိတဲ့အထိပဲ။ သူတို့နဲ့တဝိုင်းတည်းတော့ မသောက်ဖြစ်ဘူး။

ကဗျာ

ခွန်းနီ ကျကွဲမှာစိုးလို့ပုလင်းထဲထည့်ထားတဲ့ အသက်ကိုကဗျာထဲ ပြန်ဝှက်ထားခဲ့တာအရောင်တွေလဲ လက်မလာအတောင်တွေလဲ ခတ်မလာကြေကွဲမှုက ဆတ်ဆတ်ခါလို့နာကျင်မှုဟာ သိပ်သည်းဆများတယ်အသည်းကွဲတဲ့အကြောင်းလာမပြောနဲ့ခေတ်ကြီးကိုကနှလုံးသားရှိသူတွေ နာကျင်ရတဲ့ခေတ်လေကဗျာတွေမှာလဲ အနာတွေချည်းရင့်မှည့်လို့ဒါပေမဲ့သန်မာကြတယ်။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ခွန်းနီ’ရေးဖွဲ့တဲ့ “​ငါတို့နေ့” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ဝတ္ထုတို

ဒီလိုလွမ်းစရာ ရာသီဥတုကြီးကို မုန်းမိသည်။ သင်္ကြန်ရောက်ခါနီး ရာသီဥတုဟာ မိုးရနံ့ လေရနံ့နဲ့ ဒီရာသီဥတုကိုအရင်က ဦးခင်အောင် တယောက် တော်တော်လေးသဘောကျပါ၏။ သဘောလဲ ကျချင်စရာပင် မဟုတ်ပါလော။ မိသားစု စုံစုံလင် ဒီလိုအချိန်ဆို နောက်လအတွက်ဘာလုပ်ကြမလဲတိုင်ပင်နေကြပြီ။ ခုတော့ မိသားစုထဲမှာ သားဦး အဝေးမှာပင်။ ထိုအကြောင်းရာကို တွေးမိတိုင်း...

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ယောနသံ’ ရေးဖွဲ့တဲ့...

ဝတ္ထုတို

ဆိုင်ပူးက ငါးတန်းကျောင်းသူ။ ငါးတန်းမှာရှိတာက ယောကျာ်းလေး တယောက် မိန်းကလေး လေးယောက်။ အဲ့ငါးယောက်ထဲမှာမှ သူကစာအတော်ဆုံးလို့ပဲ ပြောရမယ်။ မနှစ်က လေးတန်းတုန်းကလည်း ဆုပေးပွဲမှာ ပထမဆုရထားတာ။ စာသင်တဲ့အခါတိုင်း ဘာသာရပ်တိုင်းကို အမြဲအာရုံစူးစိုက်သင်ယူလေ့ရှိတဲ့ ကလေး။ စကားကို အမြဲနားထောင်ပြီး ပြောသမျှကိုလည်း ဂရုတစိုက်အမြဲနာခံတတ်သူ။ ချစ်တာပေါ့ ကိုယ့်သမီးလေးလိုပါပဲ။...

ဝတ္ထုတို

​နေချို​သွေး ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်‌ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့...

ရသစာတမ်းငယ်

အညာရဲ့ ကောင်းကင်ဟာ တရားလွန် ပြာလဲ့လွန်းနေသည်။ ထိုအပြာရောင်သည် ကလေးငယ်များအတွက် ကစားကွင်း မဟုတ်တော့ဘဲ၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် "အပြာရောင်သုသာန်" တခု ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိမ်တိုက်ဖြူဖြူလေးများကတော့ ဘာမှမသိသလို ဟိုတစ ဒီတစ လွင့်မျောနေဆဲ။

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ရသစာတမ်းငယ်

ပုခက်ပေါ်ကခုန်ဆင်းတော့ ကြောက်လန့်တကြား ထခုန်ရတဲ့ကိစ္စက မြွေတကောင်ရဲ့အားယူနေတဲ့ပုံကိုမြင်ယောင်မိတဲ့ အခိုက်အတန့်။ သစ်ခက်နွယ်နွယ်တွေယှက်နေတဲ့ မြေကြီးက အစာဝနေတဲ့မြွေလို ငြိမ်သက် ကမ္ဘာဟာဒီရက်ပိုင်း အရှိန်ပြင်းပြင်းနဲ့လည်နေပုံရတယ် ငါတို့ခေါင်းတွေမူးမူးနေတာပဲ။

Facebook