Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO အဖွဲ့ဝင် လစ်သူယေးနီးယား နိုင်ငံမှာ ကျောင်းနေအရွယ် ကလေးတွေကို ဒရုန်း အသုံးပြုမှု စတင်သင်ကြားပေးနေ

NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ရုရှားရဲ့ ပိုင်နက် နယ်မြေ တစ်ခုနဲ့ ထိစပ်နေတဲ့ လစ်သူယေးနီးယား နိုင်ငံဟာ စာသင်ကျောင်းတွေမှာ ကလေးတွေကို ဒရုန်းနည်းပညာနဲ့ ထိတွေ့ သင်ကြားပေးတဲ့ အစီအမံကို စတင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ရုရှားရဲ့ ပိုင်နက် နယ်မြေ တစ်ခုနဲ့ ထိစပ်နေတဲ့ လစ်သူယေးနီးယား နိုင်ငံဟာ စာသင်ကျောင်းတွေမှာ ကလေးတွေကို ဒရုန်းနည်းပညာနဲ့ ထိတွေ့ သင်ကြားပေးတဲ့ အစီအမံကို စတင်ခဲ့ပါတယ်။

အဲဒီ အစီအမံမှာတော့ အသက် ၁၀ နှစ်လောက် အရွယ်ကစပြီး ကလေးတွေရော၊ တချို့လူကြီးတွေကိုပါ ဒရုန်းတွေကို ဘယ်လို တပ်ဆင်ရမလဲ၊ ဘယ်လို ပရိုဂရမ်တွေ ရေးဆွဲရမလဲ၊ ဘယ်လို ထိန်းချုပ် မောင်းနှင်ရမလဲ ဆိုတာတွေ သင်ကြားပို့ချပေးနေတာပါ။

လစ်သူယေးနီးယားရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်တဲ့ အဲဒီ စီမံကိန်းကို ရုရှားနိုင်ငံနဲ့ နယ်စပ်နားက ကျောင်း ၉ ကျောင်းမှာ ရှေ့ပြေးအဆင့် စတင်နေပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက ဒါဟာ ရုရှားပိုင် ကီလင်နင်ဂရက်ဒ်၊ ဘီလားရုစ်နိုင်ငံတို့နဲ့ ထိစပ်ရာ နယ်စပ်ဒေသတွေမှာ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ ရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ အဲဒီ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း လစ်သူယေးနီးယားက အထူးအလေးထား စဉ်းစားကြောင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး တိုမက်စ် ဂါ့ဒ်လူယက်စ်ကက်စ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်နည်းအားဖြင့် အနာဂတ်မှာ လူငယ်တွေဟာ ဒရုန်းနည်းပညာကို အကျွမ်းတဝင် ဖြစ်နေစေဖို့ ကျောင်းနေ အရွယ်ကတည်းက အစပြု သင်ကြားပေးထားတဲ့ သဘောပါပဲ။ ရုရှား-ယူကရိန်း စစ်ပွဲကစလို့ နိုင်ငံတကာ စစ်မြေပြင်တွေမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုတွေက လျင်လျင်မြန်မြန် ကြီးထွားလာနေပါတယ်။

လစ်သူယေးနီးယား၊ ပိုလန်နိုင်ငံတွေကြားမှာ သီးခြားတည်ရှိနေတဲ့ ရုရှားပိုင် ကာလီနင်ဂရက်ဒ် နယ်မြေကနေ ကီလိုမီတာ ၂၀ လောက်သာ ကွာဝေးတဲ့ တော်ရေဂျီ မြို့လေးထဲက ကျောင်းမှာတော့ ကလေးတွေဟာ ကွန်ပျူတာ သရုပ်တူ ဖန်တီးမှုတွေကို အသုံးပြုပြီး ပန်ကာ လေးလုံးတပ် ဒရုန်းတွေ၊ တောင်ပံတပ် ဒရုန်းတွေကို ထိန်းကျောင်း ပျံသန်းကြည့်နေကြပါတယ်။ သူတို့ရဲ့ ဆရာတွေကတော့ ကလေးတွေဟာ အဲဒီ သင်ယူမှုတွေကို အရမ်း စိတ်အားထက်သန် ပျော်ရွှင်နေကြတယ်လို့ ပြောပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲကစလို့ NATOဟာ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်တွေကို ပိုမိုမြှင့်တင်ကြဖို့ နှိုးဆော်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ဟာ ရုရှားဒရုန်းတွေရဲ့ လေပိုင်နက် ကျူးကျော်မှုကို မြင်တွေ့ခဲ့ရပြီး အက်စ်တိုးနီးယားကတော့ ရုရှား တိုက်လေယာဉ် ၃ စီးရဲ့ နယ်ကျော် ဝင်ရောက် ပျံသန်းမှုကို လောလောလတ်လတ် ကြုံထားရပါတယ်။ ပိုလန်ကတော့ နယ်ကျော်လာတဲ့ ရုရှားဒရုန်းတချို့ကို ပစ်ခတ် ဖျက်ဆီးပစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။