Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေး တစ်ဒါဇင်ကျော် သေဆုံးမှုနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ချောင်းဆိုးပျောက်ဆေးကို အိန္ဒိယ ပြည်နယ်တစ်ခုမှာ ပိတ်ပင်

ကလေး တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အိန္ဒိယက ပြည်နယ် တစ်ခုမှာ Coldrif ချောင်းဆိုးပျောက်ဆေးရည်ကို ရောင်းချခွင့် ပိတ်ထားလိုက်ပါတယ်။

ကလေး တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အိန္ဒိယက ပြည်နယ် တစ်ခုမှာ Coldrif ချောင်းဆိုးပျောက်ဆေးရည်ကို ရောင်းချခွင့် ပိတ်ထားလိုက်ပါတယ်။

မက်ဒ်ဟယာ ပရာဒေ့ရှ် ပြည်နယ်ထဲက ချဟင်ဝါရာ ဧရိယာမှာ ကလေး ၁၄ ဦးဟာ ကျောက်ကပ် ပျက်စီးတယ်လို့ ယူဆရတဲ့ အခြေအနေတွေကြောင့် သေဆုံးခဲ့တဲ့နောက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အဲဒီဆေးဝါးဟာ အဓိက ပြစ်ချက်လို့ ယုံကြည်ရတဲ့ အထောက်အထားတွေကို ရှာတွေ့လာခဲ့တာပါ။

တာဝန်ရှိသူတွေရဲ့ အဆိုအရ Coldrif ချောင်းဆိုးပျောက်ဆေးထဲမှာ လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေမယ့် ဓာတ်ပစ္စည်း အချိုးအစား မြင့်မြင့်မားမား ပါဝင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့ ဆေးဝါးစံနှုန်း ထိန်းချုပ်ရေး ဗဟိုအဖွဲ့ (CDSCO)ကတော့ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ စုစုပေါင်း ဆေးဝါး ၁၉ ခုရဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ပြန်လည် ဆန်းစစ် လေ့လာနေတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ ချောင်းဆိုးပျောက် ဆေးရည်တွေ၊ ပိုးသတ်ဆေးတွေ ပါဝင်ပြီး ပြည်နယ်ပေါင်း ၆ ခုမှာ ဖြန့်ကျက် ထုတ်လုပ်နေကြတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Coldrifဆေးရည်ရဲ့ နမူနာ တစ်ခုကတော့ ချန်နိုင်းမြို့၊ ဆေးဝါးစစ်ဆေးမှု ဓာတ်ခွဲဌာနရဲ့ ရလဒ် အဖြေအရ ဘေးမကင်းဘူးဆိုတဲ့ အချက်အလက် ထွက်ပေါ်လာတယ်လို့ တမီလ်နာဒူ ပြည်နယ် ဆေးဝါး ထိန်းချုပ်မှု ဌာနက ကြေညာခဲ့ပါတယ်။

မက်ဒ်ဟယာ ပရာဒေ့ရှ် အစိုးရကတော့ ချဟင်ဝါရာမှာ ကလေး ၁၄ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး Coldrif ချောင်းဆိုးပျောက်ဆေးရည် ရောင်းချခွင့်ကို ချက်ချင်း တားမြစ် ပိတ်ပင်ထားလိုက်ပါတယ်။ ကျောက်ကပ် ပျက်စီးတယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် ကလေးတွေ သေဆုံးမှုမှာ ပထမဆုံး ဖြစ်စဉ်ဟာ စက်တင်ဘာ ၇ ရက်နေ့က အစပြုခဲ့တယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ ဆေးဝါး မသန့်ရှင်းမှုကြောင့်လို့ ယုံကြည်ရတဲ့ အခြေအနေမှာ အပြင်းအထန် နာမကျန်း ဖြစ်နေတဲ့ ကလေး ၆ ဦး ဆေးရုံတက်နေရပြီး ၃ ဦးကတော့ အခြေအနေ အတော်ကြီး စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ပြည်နယ် အစိုးရ အာဏာပိုင်တွေကတော့ သေဆုံးခဲ့တဲ့ ကလေး ၁၄ ဦးရဲ့ မိသားစုတွေကို နစ်နာကြေး ပေးမယ်လို့ အတည်ပြုထားပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် မိုဟန် ယာဒက်ဗ်က ကလေးတွေ သေဆုံးခဲ့ခြင်းဟာ အရမ်း ကြေကွဲစရာ ကိစ္စမျိုးလို့ ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေကို စည်းမျဉ်း ဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ လူမှုကွန်ရက် မီဒီယာ Twitterမှာ ရေးသားထားခဲ့ပါတယ်။

Coldrifနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ သေဆုံးမှုတွေဟာ ရာဂျက်စသန် ပြည်နယ်မှာလည်း ၃ ခုလောက် တွေ့ရှိထားပြီး အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

ကိုးကား: Economic Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။