Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်​တပ်ရဲ့အပြင်းထန်ဆုံးအကြမ်းဖက်မှုရင်ဆိုင်​နေရ​တဲ့ခင်ဦး

ရက်ပိုင်းအတွင်းကျေးရွာ​ ၁၀ ရွာ​ကျော် အိမ်​ခြေ ၇၀၀ ​ကျော်ကိုစစ်တပ်ကဖျက်ဆီးပြီး ပြည်သူ ​သောင်းချီ ​နေ့ချင်းညချင်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎မုံလှရွာတိုက်ပွဲက ​တော်လှန်​ရေးအင်အားစုများအတွက် သင်ခန်းစာများစွာရရှိ​စေခဲ့သည်။

စစ်​ကောင်စီတပ်က နိုဝင်ဘာလတွင် အပြင်းထန်ဆုံးအကြမ်းဖက်ဖျက်ဆီးခဲ့​​သော​ဒေသကိုပြပါဆိုလျှင်စစ်ကိုင်းတိုင်းမှခင်ဦးမြို့နယ်ပင်ဖြစ်​ပေမည်။ ​ရက်ပိုင်းအတွင်းကျေးရွာ​ ၁၀ ရွာ​ကျော် အိမ်​ခြေ ၇၀၀ ​ကျော်ကိုစစ်တပ်ကဖျက်ဆီးပြီး ပြည်သူ ​သောင်းချီ ​နေ့ချင်းညချင်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

နိုဝင်ဘာ ၁၇ မှစ၍ စစ်တပ်က ခင်ဦးမြို့နယ်အတွင်းစစ်​ကြောင်း ၃ ​ကြောင်းထိုးဖျက်ဆီးခဲ့သည်။စစ်​ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးမှုများ​ကြောင့် နိုဝင်ဘာ ၂၃ ရက်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်​ကျဆုံးမှုများခဲ့သည်။ ​လေ​ကြောင်းကပါအပြင်းအထန်ပစ်ခတ်ခဲ့​သော နိုဝင်ဘာ ၂၃ ​နောက်ပိုင်းတွင်စစ်တပ်၏ မီးရှို့ဖျက်ဆီး၊ပြည်သူများကို သတ်ဖြတ်အကြမ်းဖက်မှုမှုများမှာ​လျော့မသွားပဲပိုတိုး​နေသည်။ ​ဒေသခံကာကွယ်​ရေးအဖွဲ့များကလည်းလက်နက်အင်အားမမျှ​သော်လည်း ရသမျှနည်းလမ်းများဖြင့်ခုခံတိုက်ခိုက်လျက်ရှိ​လေသည်။

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎မုံလှရွာတိုက်ပွဲ

နိုဝင်ဘာလ ၂၂ ရက်နေ့က ကန့်ဘလူနယ် ကျောက်တိုင်ရွာနှင့် ကျီစုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီကြောင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့နံနက် ပိုင်းတွင် ရေဦးနယ်ပင်စိမ်းကင်းရွာဟောင်းဘက်မှ ခင်ဦးနယ် မုံလှရွာဘက် တက်လာခဲ့သည်။

ထိုသို့ တက်လာစဥ် တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ PDFများ​ထောင်ထား​​သော မိုင်းများကိုလည်းစစ်ကောင်စီတပ်စစ်​ကြောင်း ဆက်တိုက်ထိခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးနိုင်ကြောင်းခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု- KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်​ကောင်စီတပ်ကအထိနာသွားပြီး​နောက်ရေဦးမြို့ဘက်မှစစ်တပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကာကွယ်ရေး ရဲဘော်၃ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ၁ဦး သေဆုံးခဲ့သည်။

ထို့​နောက် မုံရွာရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ဘက်က MI35တစ်စီးတက်လာကြောင်း PDFများထံ သတင်းဝင်လာသည်။ ထိုအပြင် ပင်စိမ်းကင်းရွာဘက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ​သော စစ်ကြောင်းကလည်း ထပ်တက်လာခဲ့ရာ ​လေ​ကြောင်း​​ရော ၊ကုန်​ကြောင်းမှပါ တိုက်ခိုက်လာ၍ PDFအဖွဲ့များ မှာ ဘူခွဲ၍ ဆုတ်ခွာခဲ့သည်။ ရဲဘော်အချို့မှာ မုံလှရွာအတွင်း ရောက်ရှိသွားချိန်တွင် စစ်​ကောင်စီတပ်မှ​လေ​ကြောင်းနှင့်ကုန်​ကြောင်းကပါဝိုင်း ပိတ်မိခြင်းခံလိုက်ရသည်။

စစ်ကောင်စီ၏ MI 35 တိုက်ခိုက်ရေးယာဥ်သည် မုံလှကျေးရွာအား မွန်းလွဲ ၁နာရီ၅၀မိနစ်မှ ၂နာရီ မိနစ် ၅၀ အထိ တစ်နာရီကြာအောင် လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။

“လေယာဥ်ကောပစ်တယ်။ အောက်ကကော။ ပင်စိမ်းကင်းရွာဘက်ကနေ မိုင်းဆွဲခံထားရတဲ့ စစ်ကြောင်းက မုံလှရွာထဲဝင်လာတော့ တော်လှန်ရေးအင်အားစုတွေက ခွဲပြီးတော့ ဆုတ်ကြတဲ့အခါမှာ မုံလှရွာထဲဝင်ပြေးတဲ့ရဲဘော်တွေကို လေယာဥ်က လိုက်ပစ်တာ။ အုပ်စုတွေကွဲပြီးတော့ ထိကြတာလို့ထင်တယ်”ဟု Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက People’s Spring သို့ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ကနဦးတွင်ပြည်သူနှစ်ဦးခန့်သာ ထိခိုက်ဒဏ်ရာရသည်ဟု သတင်းရခဲ့သည်။ သို့သော် ကာကွယ်ရေးအဖွဲ့များ ဘေးကင်းရာတစ်နေရာသို့ရောက်ရှိချိန်တွင် ကိုယ့်အဖွဲ့အသီးသီး လူစစ်လိုက်သောအခါ ရဲဘော်၆ဦးခန့် ပျောက်ဆုံးနေသည်ကို သိလိုက်ရကြောင်း Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

“သူတို့ပိတ်မိနေတုန်း ကျွန်တော်တို့စောင့်သေးတယ်။ စစ်ကောင်စီတပ်က ခြေလျင်တအားတိုးလာပြီး မီးတွေပါလှိမ့်ရှို့ပြီး လက်နက်ကြီးတွေပါပစ်တော့ ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်။ ဘေးကင်းတဲ့တစ်နေရာရောက်မှ တိုက်ခဲ့တဲ့ရဲဘော်တွေအားလုံး စုကြည့်တော့မှ မတွေ့တော့တဲ့ရဲဘော်တွေ ၆ ယောက်လောက်စာရင်းသိရတာ”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်များသည် မုံလှရွာအတွင်း ဝင်ရောက်လာ၍ ညနေ၃ နာရီ မိနစ်၅၀တွင် အလောင်းဖျောက်ရင်း ပြည်သူပိုင်နေအိမ်များအား မီးရှို့ခဲ့ကြကာ ညအိပ်တပ်စွဲခဲ့သည်။

​နောက်တစ်​နေ့တွင်မှ နိုဝင်ဘာ ၂၃ ရက်မုံလှရွာလေကြောင်းပစ်ခတ်တိုက်ခိုက်ခံရမှု၌ ရဲဘော်၆ဦး ကျဆုံးခဲ့သည်ဟုအတည်ပြုနိုင်သည်။

“ခြောက်ယောက်မှာ တစ်ယောက်ကတော့အရှင်မိခဲ့တဲ့အနေအထား။ မိပြီးမှနှိပ်စက်ခံရတဲ့အနေအထား။ ကျန်တဲ့ငါးယောက်ကတော့ လေယာဥ်နဲ့အပစ်ခံရတာလို့ ယူဆရတယ်။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎မုံလှရွာတိုက်ပွဲသင်ခန်းစာ

လေယာဥ်သတင်းရရှိခဲ့သော်လည်း တော်လှန်ရေးအင်အားစုအဖွဲ့များ များပြား၍ ပြန့်ကျဲသွားပြီးအဖွဲ့ဝင်အချို့ ပိတ်မိသွားခြင်းဖြစ်ကြောင်း၎င်းကသုံးသပ်ပြောသည်။

“နောက်ဆိုရင်တော့ လေယာဥ်လာရင် အပျောက်ရိုက်ရတော့မှာပေါ့။ အပျောက်ဆိုတာက လေယာဥ်သတင်းကို အဓိကထားပြီးတော့ လေယာဥ်လာပြီဆိုတာနဲ့ ကျွန်တော်တို့စစ်​ကြောင်းတွေ ပြန်ပြီးတော့ ဆုတ်ရမှာပေါ့။”ဟု Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက မုံလှရွာ​လေ​ကြောင်တိုက်ခိုက်ခံရမှုသင်ခန်းစာကိုပြောသည်။

ကျဆုံးရဲဘော်၆ဦးသည် ခင်ဦးနယ်အခြေစိုက် အဖွဲ့အသီးသီးကဖြစ်ပြီး အသက်၂၀ ကျော်ဝန်းကျင် လူငယ်များဖြစ်ကြောင်း PDFအဖွဲ့များက ပြောသည်။ ကျဆုံးရဲဘော် ၆ ဦးအနက် ရွှေဘိုခရိုင်အခြေစိုက် BLACK WOLF – PDFအဖွဲ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်​သောကိုလှိုင်ဝင်းလည်း ပါဝင်ခဲ့​လေသည်။

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“အဓိက ကတော့ လက်နက် အင်အားနည်းတာလည်းပါမယ်။ နောက်ပြီး ဝေဟင်ကလည်း ပစ်ကူ မြေပြင်မှာလည်း သူတို့ က သာလွန်အင်အားဖြစ်တော့ ထိတွေ့မှု ဖြစ်ပြီး နောက်မဆုတ်နိုင်တဲ့ သဘောလို့ ယူဆမိပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု KURDAF တာဝန်ခံက သုံးသပ်သည်။

ထိုနေ့က ရဲဘော် ၆ဦးအပြင် မုံလှရွာ၌ အသက်၇နှစ်အရွယ်ကလေးတစ်ဦးနှင့် ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကွယ်လွန်ခဲ့ရသည်။ထို့အပြင် ကံသာယာရွာ၌ ပြည်သူတစ်ဦး၊ ကာကွယ်ရေးရဲဘော်တစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။

▪︎စစ်​ကောင်စီတပ်ကဖျက်ဆီးမှုများတိုးလုပ်​

မုံလှရွာတွင် စစ်ကောင်စီလေကြောင်းပစ်ခတ်အကြမ်းဖက်မှုနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် မုံလှကျေးရွာရှိ သာသနိကအဆောက်အအုံများအပြင်အိမ်‌ခြေစုစုပေါင်း (၉၃) လုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ဆိုင်ကယ်အစီး (၃၀)၊ လူမှုကူညီရေးအသင်းကား (၂)စီးပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း KURADF အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများမှာဤမျှနှင့်ရပ်မသွားဘဲ ပိုဆိုးလာသည်။ နိုဝင်ဘာ၂၆ရက်နေ့က မြင်းဒေါင်းကျေးရွာရှိ ရွာခံအမျိုးသား၃ဦးဖြစ်သော အသက် ၄၅ နှစ်အရွယ် ကိုဇော်ဆိုသူအား ရိုက်နှက်သတ်ဖြတ်ခဲ့၍ အသက် ၃၃ နှစ်အရွယ် ကိုနေစိုးနှင့် အသက် ၅၅ နှစ်အရွယ် ဦးတင်ဝင်းမြင့်တို့ကို မီးရှို့သတ်ဖြတ်သွားခဲ့သည်။

ထို့အပြင် ခင်ဦး-ရေဦးလမ်းပေါ်ရှိ သရက်ပင်စုကျေးရွာနေ အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကိုပါ သတ်ဖြတ်သွားသည်။

မြင်းဒေါင်းကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးခန်းအပါအဝင် ဈေးတန်းအဆောင်၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ၅လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်​ကောင်စီတပ် အကြမ်းဖက်ဖျက်ဆီးမှု ခံခဲ့ရ​သောမုံလှမြင်ကွင်း။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

တစ်ပတ်အတွင်း ခင်ဦးနယ်ရှိ ပေါင်းလဲကုန်းရွာ၊ လက်ပံကြီးရွာ၊ မဒေါင်းကြီးရွာ၊ ရွှေကာရွာ၊ ဆီဆုံလေးရွာ၊ နှဲတွင်းရွာ၊ စောကြီးရွာ၊ သနပ်စိန်ရွာ၊ မုံလှကျေးရွာစသည့် ရွာ၉ရွာရှိ အိမ်ခြေပေါင်း ၆၃၆ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်သား ၃၀​ကျော်​သေဆုံးပြီး PDF ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ရသည်။ ​စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး ​သေဆုံးခဲ့ရကြောင်း Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူသတ်မီးရှို့အကြမ်းဖက်မှုများအား နေ့စဥ် မှတ်တမ်းတင်ထားသည့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ အချက်အလက်များအရ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုဝင်ဘာလအတွင်း ကျေးရွာပေါင်း ၁၂ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ်ပေါင်း ၇၇၇လုံး ပြာကျပျက်စီးခဲ့သည်။

အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း(၅၇)ရွာက နေအိမ်ပေါင်း (၂၆၃၃)အိမ် အထိမီးရှို့ဖျက်ဆီးခံထားရသည်။

ကျဆုံး ရဲဘော်နှင့် ပြည်သူပေါင်း( ၂၄၁)ဦး အထိ ရှိပြီဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ရဲဘော်နှင့် ပြည်သူပေါင်း (၁၅၀)ခန့် ရှိပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက စာရင်းပြုစုထားသည်။

ခင်ဦးအား စစ်ကောင်စီတပ်က သည်းကြီးမည်းကြီး ဖိနှိပ်နေရခြင်းနှင့်ပတ်သက်၍ Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက “ခင်ဦးကို တအားမည်းတယ်ဆိုတာက တော်လှန်ရေးအင်အားစု ကောင်းလို့ပေါ့။ တော်လှန်ရေးအင်အားစုရဲ့ နယ်မြေစိုးမိုးမှုပေါ်မှာမူတည်ပြီး တအားကြီး ဖိနှိပ်သွားတာပေါ့။”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုများခံနေရသည့် ခင်ဦးနယ်တွင် စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည် ပေါင်း (၂၀၀၀၀ ) နှင့် အထက်ရှိပြီး မီးရှို့ခံရသည့် ကျေးရွာပေါင်း (၅၀)ကျော်နှင့် လူနေအိမ် ၂၂၀၀ နီးပါးမီးရှို့ဖျက်ဆီးခံထားရသည်။ဆောင်းတွင်းကာလ ရောက်နေပြီး ဖြစ်တာကြောင့် အအေးဒဏ်အတွက် စောင်အနွေးထည်၊ ဆေးဝါးနှင့် အစားအသောက်များ ကူညီပေးကြပါရန် KURDAF က မေတ္တာ ရပ်ခံ ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒေသအသီးသီးရှိ NUG၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြရန် တိုက်တွန်းထားသည်။

သတင်း

ကော်မရှင်၏အစီရင်ခံစာ၌ မြန်မာစစ်ဖက်အာဏာပိုင်တို့အား ထိုပြဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုအား ရပ်တန့်ရန်၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုများကိုတားဆီးရန် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့တိုက်တွန်းထားသည်။